ညသန်းခေါင် မုန့်ရှာစားတတ်သူများ ဉာဏ်ရည်နိမ့်ကျတတ်

woman-getting-cake-out-of-the-display-fridge-PKAJMWY.jpg

ခေါင်းစဉ်ဖတ်ပြီးတော့ ညသန်းခေါင် မုန့်ရှာစားတတ်သူများ စိတ်မဆိုးသွား ပါနဲ့။ အမေရိကန်မှ လူနဲ့ ဇီဝဗေဒ ဆိုင်ရာ လေ့လာသူ ပညာရှင်များရဲ့ သုတေသန ပြုလုပ် ထုတ်ပြန်ထားတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ယင်း အကြောင်းအရာအရ ပုံမှန် မဟုတ်ပဲ ညသန်းခေါင်မှာ ဗိုက်ဆာလို့ ဆိုပြီး အချိန်အခါ မဟုတ် အစားအသောက် ရှာစားတတ်သူများဟာ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျမှုနဲ့ ကြုံရတတ်ကြောင်း ဆိုပါတယ်။ အကြောင်းအရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

မိမိတို့ အိမ်မှာ ကြွက်တို့ ဟမ်းစတားတို့ မွေးတဲ့အခါ သူတို့လေးတွေကို အစားအသောက် ကျွေးတဲ့အခါ မနက်၊ နေ့လည်၊ ညနေလို့ မခွဲရပဲ အားရင် အားသလို အချိန် တစ်ခုခြားပြီးတော့ ကျွေးရတာကို မွေးသူများ သိပါလိမ့်မယ်။ သူတို့ အနေနဲ့လည်း အမြဲတမ်း လိုလို ဗိုက်ဆာနေတတ်ပြီး စားပါတယ်။ ဒါဟာ ဘာကို ပြသလဲဆို သူတို့မှာ biological hour လို့ခေါ်တဲ့ ဇီဝဗေဒ နာရီ မရှိခြင်း ဖြစ်ပါတယ်။ ယင်း နာရီဟာ လူတွေမှာ ရှိပြီး ဘယ်အချိန်မှာတော့ စားထားရင် ဘယ်အချိန်မှာ ဗိုက်ပြန်ဆာမယ်ဆိုတာ ယခင် နှစ်ပေါင်းများစွာ ကတည်းက မမှားတဲ့ အမှန်တရား တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတွေဟာ မနက်စာ၊ နေ့လည်စာ၊ ညစာ ဆိုပြီးတော့ biologial hour ရဲ့ သဘာဝတရားရဲ့ တောင်းဆိုမှုအရ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

အကယ်၍ ထမင်း အနှပ် လျော့စားခြင်း ဥပမာ ဥပုပ်စောင့်သောကြောင့် ညနေစာ မစားခြင်းမျိုး၊ ဘာသာရေးအရ မစားခြင်းမျိုး ယင်းကဲ့သို့ စားချိန်မှာ မစားပဲ ရှောင်တာက ယင်း နာရီကို မထိခိုက်ပေမယ့် စားချိန်ထက် ပိုပြီးတော့ ဗိုက်စာပြီး စားသူများအတွက်ကတော့ ထိခိုက်ပါတယ်။ ယင်းဟာ ဘာနဲ့ သွားတူသလဲဆို ကြွက်ကလေးများ၊ ဟမ်းစတားလေးများ အပြင် အခြား ၂၄ နာရီ ပက်လုံုး အစားစားတဲ့ အကောင်များရဲ့ biological နာရီနဲ့ သွားညီပြီး အစာ အဟာရရဲ့ ဉာဏ်ရည်အပေါ် ထောက်ပံ့မှုက ပြောင်းလဲသွားပါတယ်။

အစားကို သူ့အချိန်နဲ့ သူစားမှ ကျန်းမာရေးအတွက် များစွာ ထောက်ပံ့မှုပြုပြီး ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ စားချိန်တန်မှာ စားပြီး အစာစားချင်စိတ်လည်း ရှိတယ် ဆိုရင် အကောင်းဆုံးပါပဲ။

ပတ်ဝန်းကျင် တစ်ခုကနေ အခြားပတ်ဝန်းကျင်ကို ပြောင်းတဲ့အခါ ဥပမာ မြန်မာပြည်ကနေ ကမ္ဘာအနောက်ခြမ်းကို သွားတဲ့အခါ မိမိရဲ့ Biological နာရီဟာလည်း အပြင် ပတ်ဝန်းကျင်နဲ့ Sync ဖြစ်ပြီး ဗိုက်ဆာတဲ့ အချိန်လည်း အလိုအလျောက် ပြောင်းလဲ ပါသတဲ့။ ဒါကြောင့်မို့ အစားချိန်မှာလည်း စားထားပြီးတော့ ညသန်းခေါင်မှာတောင် ဗိုက်ဆာပြီး ထပ်စားတတ်သူများဟာ ဆိုရင် မိမိရဲ့ ဦးနှောက်ကို အာဟာရ ရောက်နိုင်ချေ နည်းတာကြောင့် မှတ်ဉာဏ် နိမ့်ကျလာခြင်း၊ မေ့တတ်လာခြင်း၊ အပြင် အခြားသော ဦးနှောက် ဆိုင်ရာ ကျန်းမာရေးများကို ထိခိုက်စေကြောင်း လေ့လာသူများက ဆိုထားပါတယ်။

Ref: Metro
အောင်ခမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top