လက်တွေ ပုံမှန်ထက်ပိုပြီး တုန်တုန်ယင်ယင်ဖြစ်ရခြင်း အကြောင်းအရင်းများ

yyl-030-4.jpg

ပုံမှန်ဆိုရင် ကျွန်တော်တို့လက်တွေက စိတ်လှုပ်ရှားရင်ပဲဖြစ်ဖြစ် အင်တာဗျူးမဖြေခင် (ဒါမှမဟုတ်) အရေးကြီးတဲ့ပွဲတစ်ခုမသွားခင်ပဲဖြစ်ဖြစ် တုန်တုန်ယင်ယင်ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါမျိုးမှာဆိုရင် အရာဝတ္တုတွေကို ကိုင်ဖို့၊ တုန်ယင်နေတာကို ထိန်းချုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လက်တွေတုန်ယင်တာက သင် ထိတ်လန့်ကြောက်ရွံ့တဲ့အခါမျိုးမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ ဘာအကြောင်းအရင်းမှမရှိဘဲ ဖြစ်မယ်ဆိုရင် အာရုံကြောအာနည်းတာကြောင့်ဖြစ်နိုင်ပါတယ်။ လက်တုန်ယင်တာက ပြင်းထန်တဲ့ကျန်းမာရေးအခြေအနေကြောင့် အမြဲတမ်းမဖြစ်နိုင်ပါဘူး။ သင့်လက်တုန်ယင်ရခြင်းရဲ့ အခြားဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ အဲဒီအကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

သင်က အိပ်ရေးမဝဘူးဆိုရင်

အိပ်ရေးမဝတာက သင့်ကို စိတ်ကသိကအောက်ဖြစ်တာ၊ စိတ်ဆိုးဒေါသထွက်တာတွေဖြစ်စေနိုင်သလို သင့်ခန္ဓာကိုယ်မှာ မူမမှန်တဲ့တုန်ယင်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ သင့်ဦးနှောက် ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့အတွက် အိပ်ချိန် (၇) နာရီ (၈) နာရီအိပ်စက်ဖို့ လိုအပ်ပါတယ်။ ညဘက်တွေမှာ လုံလုံလောက်လောက် အနားမယူတဲ့အခါ သင့်ဦးနှောက်က ချွတ်ယွင်းလာပါတယ်။ စိတ်ဖိစီးတဲ့အခြေအနေမှာ အလုပ်လုပ်ဖို့ တွန်းအားပေးသလိုဖြစ်စေပြီး သင့်ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေနဲ့လည်း နှောင့်ယှက်ဖြစ်စေပါတယ်။

ကဖင်းဓာတ်အများကြီးသောက်သုံးတယ်ဆိုရင်

ကဖင်းဓာတ်ပမာဏများခြင်းကလည်း သင့်အာရုံကြောစနစ်ကို သက်ရောက်နိုင်ပြီး သင့်ကို ကတုန်ကယင်ဖြစ်စေပါတယ်။ သင်က လက်ဖက်ရည် (သို့) အရက်အများကြီးသောက်သုံးတဲ့ အခါမျိုးမှာလည်း အခုလိုဖြစ်တတ်ပါတယ်။

ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်နိုင်

ဆေးဝါးတော်တော်များများက သင့်လက်ကို တုန်တုန်ယင်ယင်ဖြစ်စေနိုင်ပါတယ်။ ဒီဆေးဝါးတွေက သင့်ရဲ့အာရုံကြောစနစ်နဲ့ ကြွက်သားတွေကို အနှောင့်ယှက်ဖြစ်စေပြီး လက်တုန်ယင်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဆေးလိပ်အသောက်များတယ်ဆိုရင်

လူအများစုက ဆေးလိပ်သောက်တာက စိတ်ဖိစီးတာကို ဖြေလျော့ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ ဒါက သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို တိုးလာစေနိုင်ပါတယ်။ ဆေးလိပ်တွေက သွေးလမ်းကြောင်းထဲဝင်စေတဲ့ နီကိုတင်းဓာတ်တွေပါဝင်ပြီး နှလုံးခုန်နှုန်းကို ပိုမြန်စေပါတယ်။ အဲလိုဖြစ်တဲ့အတွက် သင့်ကို စိုးရိမ်ပူပန်မှုတွေဖြစ်စေပြီး သင့်လက်တွေကို တုန်ယင်စေပါတယ်။

ဗီတာမင် B12 စားသုံးမှုနည်းမယ်ဆိုရင်

ဗီတာမင် B12 က ကျွန်တော်တို့ရဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်ပြီး DNA စစ်တဲ့အခါမှာလည်း အရေးပါ ပါတယ်။ ဒါကြောင့် သင်က အသား၊ ဥတို့ကို သင့်တင့်မျှတစွာ မစားသုံးဘူးဆိုရင် ဗီတာမင် B12 ဓာတ်ပမာဏ နည်းနိုင်ပါတယ်။ ဒါက သင့်လက်တွေနဲ့ ခြေထောက်တွေကို တုန်တုန်ယင်ယင်ဖြစ်စေနိုင်ပါတယ်။

Ref: 5 reasons your hands are shaking more than they should

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top