Drone ဖြင့်ရိုက်ကူးခဲ့သော ကမ္ဘာမြေပေါ်မှ အမိုက်စား ဓာတ်ပုံများ

yyl-007-5.jpg

Drone နည်းပညာကို ရုပ်ရှင်ရိုက်ကူးရေး နယ်ပယ်မှ မကြာသေးမှီ ကာလကပင် ရုပ်ရှင် ဖန်တီးသူ ထုတ်လုပ်သူ များက ကောင်းမွန်စွာ ကြိုဆိုခဲ့ကြသည်။ Drone များအသုံးပြုခြင်းက ကမ္ဘာကြီးကို အရင်က အနေအထားမျိုး မဟုတ်သည့် ရှုထောင့်သစ်များကနေ တွေ့မြင်ခံစား စေနိုင်ခဲ့သည်။ ယခုနောက်ပိုင်း ရုပ်ရှင်အသစ်များ နှင့် ပြန်လည်ဖန်တီး ရုပ်ရှင်များတွင် Drone ကို အသုံးပြုထားသည့် အခြေခံ အပေါ်စီး ရိုက်ချက် ပြကွက်များ ကိုမကြာခဏ မြင်တွေ့လာရသည်။

Drone အသုံးပြုမှုကြောင့် ကမ္ဘာကြီးကို ရှုထောင့် အသစ်တစ်ခုကနေ မှတ်တမ်းတင်နိုင်ခဲ့သော အမိုက်စား ရိုက်ချက်များကို စုစည်း တင်ဆက်ပေး လိုက်ပါသည်။ ထိုဓာတ်ပုံများထဲမှ အချို့သည် အရင်ကမမြင်တွေ့ဘူးခဲ့သော ရှာဖွေတွေ့ရှိမှုပင်ဖြစ်သည်။

တရုတ်ပြည်တွင် ကားပိတ်နေစဥ်

Drone ဖြင့်ရိုက်ကူးခဲ့သော ထို ပုံသည် ယာဥ်လမ်းကြောင်း ၅၀ ပါရှိသည့် Beijing- Hong Kong – Macau ဟိုင်းဝေးလမ်းမပေါ်တွင် ယာဥ်များ နာရီပေါင်းများစွာ ပိတ်နေစဥ် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ထိုပုံသည် Golden Week ဟုခေါ်သည့် ရုံးပိတ်ရက်ရှည် အပြီး တွင် ၁၂ရက်ကြာ ဖြစ်ပေါ်ခဲ့သော ယာဥ်ကြောပိတ်ဆို့မှု ကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

တမူထူးခြားသည့် မဂ်လာဓာတ်ပုံ

ထူခြားလှပသော ထို ဓာတ်ပုံသည် ကြင်စဦး ဇနီးမောင်နှံ၏ ကမ္ဘာကြီးရဲ့ ထိပ်ဆုံးတွင် ရောက်နေသည်ဟူသော ခံစားချက်ကို ထင်ဟပ်စေသည်။ ဒီထက်ပိုမိုထူးခြားပြီး စိတ်ကူးယဥ်ဆန်သော မဂ်လာဓာတ်ပုံများ များစွာပေါ်လာမည်ဟု ယုံကြည်ရသည်။

ဘရာဇီးမှ ခရစ်တော် ရုပ်ထု

Christ the Redeemer ရုပ်ထုကို များစွာ မြင်တွေ့ဖူးကြသော်သည် ယခုမြင်တွေ့ရသော မြင်ကွင်းသည် အသစ်ဖြစ်၍ ထူးခြားသောမြင်ကွင်း တစ်ခုဖြစ်ခဲ့သည်။ တောင်အထွတ်အထိပ်ဖျားတွင် တည်ရှိသော ကြီးမားသည့် ရုပ်ထုကြီး၏ ခမ်းနားထည်ဝါပုံကို တစ်မျိုးခံစား နိုင်စေသည်။

ဒူဘိုင်း Drone များ

ကမ္ဘာ့မြေ အနေအထား အရ သဲကန္တာရသာ တည်ရှိသော Dubai သည် ကမ္ဘာပေါ်တွင် ခန်းနားသော မိုးမျှော် အဆောက်အဦးများဖြင့် ခေတ်မှီသော နိုင်ငံ တစ်ခုအဖြစ် ရပ်တည်နေခဲ့သည်။ လူသားများ ဖန်တီးထားသည့် ထိုခေတ်မှီ နည်းပညာအဆာက်အဦးများကို Drone များဖြင့် ရှုထောင့် အသစ်များက မြင်တွေ့ ခံစားနိုင်ခဲ့သည်။

ကောင်းကင်ယံမှ မြင်တွေ့ရသည့် ဆောင်ဦးအလှ

သစ်ရွက်တွေ စိမ်းစိုရာမှ အညိုရောင် ကူးပြောင်းချိန် ဆောင်းဦးရာသီအလှကို တစ်မျိုး ခံစားနိုင်သည်။ နတ်ပြည်မှ မြင်တွေ့ရသော အလှဟုပင် တင်စားကြသည်။

အန္တရာယ်ဇုန်

မီးတောင် ပေါက်ကွဲနေစဥ်မှာပင် Drone များ၏ အကူအညီဖြင့် အနီးကပ်လေ့လာ မှတ်တမ်းတင်နိုင်ခဲ့သည်။ အရင်က အန္တရာယ်များသောကြောင့် လေ့လာခွင့် မရရှိခဲ့သော သဘာဝဖြစ်စဥ်များကို နည်းပညာအကူအညီဖြင့် လေ့လာခွင့်ရရှိလာခဲ့သည်။

ဂရင်းနစ် စံချိန်တင် ရေတံခွန်

တရုတ်ပြည်ရှိ Yellow River ဟုခေါ်သော ဂရင်းနစ် စံချိန်တင် ရေတံခွန်တွင် ရေငုပ်သမားတစ်ဦး ဒိုင်ပင်ထိုးနေစဥ်တွင် Drone ဖြင့် အပေါ်စီးမှ ရိုက်ကူးခဲ့သော ပုံဖြစ်သည်။ သဘာဝတရားကြီး၏ အင်အားကြီးမားပုံ၊ လူသားများ သေးငယ်သော်လည်း သဘာဝကို ရဲရင့်စွာ အံတုနေပုံကို မြင်တွေ့ခံစားရနိုင်သည်။

အမြင့်ဆုံးနေရာ


Drone ဖြင့်ရိုက်ကူးထားသော Spain နိုင်ငံရှိ Barcelona မြို့မှ Sagrat Cor Church အား တိမ်ထူသော နေ့တစ်နေ့တွင် တောင်ထိပ်ပေါ်မှ ရိုက်ကူးထားသည့်ပုံကို ဘုရားသခင်မှ ကြည့်ရှုစောက်ရှောက်နေသည်ဟု ခံစားရသည်ဟု ဆိုကြသည်။

ကမ္ဘာ့အစွန်အဖျား

ဥရောပ၏ အမြင့်ဆုံး ရေတံခွန်ကို Drone ဖြင့် ရိုက်ကူးခဲ့သည်။ ထိုပုံကို ခံစားကြည့်မယ်ဆိုလျှင် အေးချမ်းသော သဘာဝတရားကို ပုံ၏ အထက်ပိုင်းတွင် မြင်တွေ့နိုင်ပြီး ရှင်သန်ရန် ရုန်းကန်ရမည့် သဘာဝ တရားကို ပုံ၏အောက်ပိုင်း ရေတံခွန် နှင့် ကျောက်ကပါး ကဖော်ပြနေသည်။

သစ်တောတွင်း တစ်နေရာ

ထိုလေယာဥ်ကို သစ်တောနက်ထဲတွင် Drone ဖြင့် အမှတ်မထင်ရှာတွေ့ခဲ့ပြီး ထိုလေယာဥ်ပျက်တွင် လူတစ်ဦးသည် အိမ်ရာလုပ်ထိုင်ကြောင်း သိရှိခဲ့ရသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top