ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေး အကျိုးကျေးဇူးများ

yyl-013-9.jpg

အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာတော်တော်လေး အသုံးဝင်ပါတယ်။ အနာကျက်စေနိုင်စွမ်းရှိပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့အရေပြားကို အာဟာရဓါတ် အပြည့်ဝဆုံးပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့ မော်လီကျူးလေးတွေက အရေပြားကအဆီကို အလွယ်တကူစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲအတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှုးတွေ အထိရောက်ရှိစေအောင် လုပ်ဆောင်ပေးပါတယ်။ အရေပြားထိခိုက်ပျက်စီးတာတွေကို သက်သာစေနိုင်စွမ်းရှိသလို အရေပြားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အုန်းဆီစစ်စစ်ကို ကလေးငယ်တွေအတွက် အသုံးပြုလို့ရပါတယ်။ အုန်းဆီက အနာကျက်စေနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

  • အရေပြားဓါတ်မတည့်ခြင်း၊ (Hay Fever) -Hay Fever ကိုသက်သာစေဖို့အတွက် နှာခေါင်းအတွင်းဘက်ထဲကို အုန်းဆီနည်းနည်းလူးပေးပါ။ ဝတ်မှုန်တွေက အုန်းဆီမှာပျော်ဝင်သွားပါလိမ့်မယ်။
  • ကလေးဝက်ခြံ – ကလေးငယ်ရဲ့ ဝက်ခြံအပေါ်မှာ အုန်းဆီခပ်ပါးပါးလေး တစ်နေ့ နှစ်ကြိမ် မပျောက်မချင်းလူးပေးပါ။
  • ပွန်းပဲ့ဒဏ်ရာတွေ – ပွန်းပဲ့ဒဏ်ရာပေါ်ကို အုန်းဆီလူးပေးပါ။ရောင်ရမ်း နီမြန်းမှုကိုလျော့ကျစေပြီး အနာကျက်စေမှာဖြစ်ပါတယ်။
  • ရေကျောက် – အုန်းဆီကရေကျောက်ကြောင့် ယားယံတာကိုလျော့ပါးသက်သာစေပြီး အရောင်ကျစေတဲ့အပြင် အဖျားတာမရှည်အောင်လည်းလုပ်ဆောင်ပေးပါတယ်။
  • ပိုးကောင်နဲ့ အဆိပ်ရှိတဲ့အကောင်တွေအကိုက်ခံရတာ – ပိုးကောင်တွေကိုက်တဲ့ ဒဏ်ရာတွေနဲ့ ပျားလိုမျိုးအဆိပ်ရှိတဲ့အကောင်တွေကိုက်တဲ့ဒဏ်ရာတွေပေါ်မှာ အုန်းဆီလူးပေးလို့ ရပါတယ်။
  • အကောင်ကိုက်တာကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ယားယံတာကို သက်သာစေပြီး အနာကိုလည်းကျက်စေနိုင်ပါတယ်။
  • အပူလောင်ခြင်း – အပူလောင်တဲ့အနာပေါ်မှာ လိမ်းပေးလို့ရပါတယ်။ အနာမကျက်မချင်းဆက်လိမ်းပေးပါ။ အမာရွတ်ထင်ကျန်ရစ်တာမျိုးဖြစ်နိုင်ခြေကိုနည်းပါးစေပြီး အနာကျက်မြန်စေပါတယ်။
  • (Cradle Cap) ကလေးဦးရေပြားမှာအဆီများတာကြောင့် အရေခွံကွာတာ – ကလေးဦးရေပြားခြောက်သွေ့တာမျိုးဖြစ်နေရင် အုန်းဆီ လူးပေးလို့ရပါတယ်။ အရေပြားကို အာဟာရဓါတ်ပြည့်ဝစေရုံသာမက ကလေးအရေပြားမှာ အဆီများတာကြောင့် ဦးရေပြားကွာကျတာမျိုးကိုပါသက်သာစေပါတယ်။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်နေ့စဉ် ကလေးဦးရေပြားကိုလူးပေးပါ။
  • သူငယ်နာချောင်းဆိုး (Croup)- ကလေးငယ်ကချောင်းဆိုးနေမယ်ဆိုရင် အုန်းဆီကိုessential oilတွေနဲ့ရောစပ်ပြီး ကလေးရဲ့ရင်ဘတ်မှာလူးပေးပါ။
  • သေးခံလောင်နာတွေအတွက်သုံးနိုင်ခြင်း – ကလေးငယ်တွေမှာသေးခံလောင်တဲ့ဒဏ်ရာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။သေးခံကြောင့်ဖြစ်တဲ့ အနာတွေအပေါ်မှာ လူးပေးနိုင်ပါတယ်။
  • နားပိုးဝင်ခြင်း – နားအတွင်းပိုင်းနာကျင်မှုတွေကို သက်သာစေဖို့အတွက် တစ်နေ့ကို နှစ်ကြိမ်နားထဲကို အုန်းဆီ အစက်ချပေးပါ။ နားပိုးဝင် တာကိုသက်သာစေပါတယ်။
  • လက်စွယ်ပဲ့ခြင်းအတွက် အသုံးပြုနိုင်ခြင်း – လက်စွယ်ပဲ့တာမျိုးမဖြစ်အောင်အသုံးပြုနိုင်ပါတယ်။ အနာကျက်အောင်လည်းလုပ်ဆောင်ပေးပါတယ်။
  • အနာကျက်စေနိုင်ခြင်း – ကုတ်ခြစ်ရာတွေနဲ့ပြတ်ရှရာတွေပေါ်မှာ အုန်းဆီခပ်ပါးပါးလူးပေးပါ။ အပြင်က ဖုန်မှုန့်တွေ၊ဘက်တီးရီးယားတွေ နဲ့ရောဂါပိုးမွှားတွေ အနာထဲမဝင်ရောက်နိုင်အောင်ကာကွယ်ပေးပါတယ်။ တစ်ရှုးတွေကိုပြန်လည်ပြုပြင်ပေးပြီး အနာကျက်မြန်စေပါတယ်။
  • သန်းကင်းစေခြင်း – ကလေးငယ်ရဲ့ ဦးခေါင်းမှာ သန်းကင်းစေဖို့အတွက်လည်း အုန်းဆီကို သုံးပေးနိုင်ပါတယ်။
  • နို့ပွေး – ကလေးငယ်ရဲ့နို့ပွေးပေါ်မှာ တစ်နေ့ကို ၈ ကြိမ်ကနေ ၁၀ ကြိမ်လောက်အထိ အနာမကျက်မချင်းလူးပေးပါ။
  • အရေပြားကိုပျော့ပျောင်းနူးညံ့စေခြင်း – ကလေးငယ်ရဲ့အရေပြားပေါ်မှာ အုန်းဆီလူးပြီးနှိပ်နယ်ပေးမယ်ဆိုရင် ကလေးငယ်ရဲ့ အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်တင်းပေးနိုင်မှာဖြစ်တဲ့အပြင် အရေပြားကို နူးညံ့စေမှာဖြစ်ပါတယ်။
  • နေလောင်တာကို သက်သာစေခြင်း -နေလောင်တဲ့နေရာတွေပေါ်မှာ အုန်းင်္ဆခပ်ပါးပါးလူးပေးပါ။ ကလေးရဲ့ အရေပြားကိုနေလောင်ဒစ်ကကာကွယ်ပေးမှာဖြစ်သလိုနေလောင်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေမှာဖြစ်ပါတယ်။
  • သွားဖုံးနာတာကို သက်သာစေခြင်း – ကလေးငယ်လေးတွေမှာ သွားပေါက်တဲ့အခါ သွားဖုံးနာတာမျိုးခံစားရတတ်ပါတယ်။ ထိုကဲ့သို့သွားဖုံးနာတဲ့အခါ ကလေးရဲ့ သွားဖုံးပေါ်မှာ အုန်းဆီ ခပ်ပါးပါးလေးလူးပေးလို့ရပါတယ်။
  • နှင်းခူနာ (eczema) – အုန်းဆီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် နှင်းခူနာလိုမျိုး အရေပြားခြောက်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုသက်သာစေပါတယ်။
  • ကလေးကိုနှိပ်နယ်ပေးတဲ့အဆီအဖြစ်အသုံးပြုနိုင်ခြင်း -အုန်းဆီနဲ့ကလေးကို နှိပ်နယ်ပေးမယ်ဆိုရင် အရေပြားကို အာဟာရဓါတ်ပြည့်စေမှာဖြစ်သလို ကလေးငယ်ကိုလည်း အိပ်ပျော်စေမှာဖြစ်ပါတယ်။

မိမိအသုံးပြုမယ့် အုန်းဆီက သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ အုန်းဆီစစ်စစ်ဖြစ်ဖို့တော့လိုပါတယ်။

Ref : Hellosayarwon
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top