ရန်ကုန်မြို့တွင်ကျင်းပသွားမည့် ONE: REIGN OF VALOR ပြိုင်ပွဲအတွက် Open Workout အခမ်းအနားကျင်းပ

unnamed.jpg

မတ်လ (၈) ရက်၊ (သောကြာနေ့) ညမှာ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းအတွင်း ကျင်းပသွားမယ့် ONE: REIGN OF VALOR ပြိုင်ပွဲကြီးအတွက် Open Workout အခမ်းအနားကို ဒီနေ့ (မတ်လ (၅) ရက်) မှာ Junction Mawtin (၅) လွှာက Transcend Gym အတွင်း ကျင်းပခဲ့ပါတယ်။

အန်တိုနီရာ

တီရယ်လ် ထန်

ဖိုးသော်

ဒီ Open Workout အခမ်းအနားမှာ မြန်မာနိုင်ငံကိုယ်စားပြုကစားသမားတွေဖြစ်ကြတဲ့ တီရယ်လ် ထန်၊ အန်တိုနီရာနဲ့ ဖိုးသော်တို့အပြင် တခြားနိုင်ငံတကာကစားသမားတွေနကို မိတ်ဆက်ပေးခဲ့ပြီး ကစားသမားတွေက ဟန်ရေးပြကစားပြခဲ့ကြပါတယ်။

ONE: REIGN OF VALOR ပြိုင်ပွဲမှာ အဓိကတွဲဆိုင်းအဖြစ် ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ ဆွီဒင်နိုင်ငံသား Zebaztian Kadestam နဲ့ ကာဇက်စ္စတန် နိုင်ငံသား Georgiy Kichigin တို့ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply