မြန်မာ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ညီလာခံတွင် ဟောပြောခဲ့သည့် ONE Championship Chairman နှင့် CEO Chatri Sityotong

74339584_2699194780142666_1116387177052241920_n.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းဖြစ်သည့် ONE Championship ၏ Chairmanနှင့် CEO ဖြစ်သူ Chatri Sityodtong သည် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း( Myanmar Young Entrepreneurs Association ) က ကြီးမှူးကျင်းပသည့် Myanmar Entrepreneurship Summit 2019 ကိုတက်ရောက်ခဲ့သည်။

ယနေ့ခေတ် မြန်မာနိုင်ငံတွင် တီထွင်လိုစိတ်ရှိသည့် စွန့်ဦးစီးပွားရေးသမားများရှိသော်လည်း အရေအတွက်က နည်းပါးနေဆဲဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင်လည်း စွန့်ဦးတီထွင် စီးပွားရေးသမားများ ထွက်ပေါ်လာ စေရန် ကြိုးစားလျက်ရှိသလို အစိုးရပိုင်းကလည်း အားပေးလျက်ရှိသည်။ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) က Myanmar Entrepreneurship Summit 2019, “Entrepreneurship 4.0” အခမ်အနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza တွင် ကျင်းပခဲ့ပြီး Chatri Sityodtong သည် ၎င်း၏ အဖိုးမဖြတ် နိုင်သော ဘဝအတွေ့အကြုံများ၊ အခက်အခဲများအား ရင်ဆိုင်ကျော်လွှားခဲ့ပုံများအား မြန်မာလုပ်ငန်းရှင်များ၊ လူငယ်များအား လက်ဆင့် ကမ်း ဟောပြောပို့ချပေးခဲ့သည်။

ငယ်စဉ်က ဆင်းရဲကြပ်တည်းမှုကိုအဖော်ပြုကာ ဘဝကို ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး အများလေးစားအားကျရသည့် နေရာတစ်နေရာကို အ ခိုင်အမာဆုပ်ကိုင်ထားနိုင်သူများထဲတွင် ONE Championship CEO ဖြစ်သူ Chatri Sityodtong လည်း အပါအဝင်ဖြစ်သည်။ အ သက် ၄၇ နှစ်အရွယ်သာရှိ Chatri Sityodtong သည် ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ငယ်ရွယ်စဉ်အချိန်က ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသူဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် စင်ကာပူ၌ Evolve MMA ကို စတင်ထူထောင်ခဲ့ပြီး နောက် ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှစတင်ကာ အာရှတိုက်၏ အကြီးမားဆုံး အားကစားမီဒီယာကြီးတစ်ခုဖြစ်လာစေရန်ကို ရည်မှန်းထားသည့် ONE Championship ကို ထူထောင်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် Chatri Sityodtong သည် Myanmar State Counsellor Daw Aung San Suu Kyi ကို တွေ့ဆုံနှုတ်ဆက်ခဲ့ ပြီး မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်၏ လက်မှတ်ပါ လက်အိတ်ကို အမှတ်တရပေးအပ်ခဲ့သည်။

“မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပါတယ်။ ဒါဟာ တကယ်ကောင်းမွန်တဲ့ ဈေးကွက်တစ်ခုဖြစ်သလို မြန်မာနိုင်ငံရဲ့ စီးပွားရေးက လည်း နောင်တစ်ချိန်မှာ ကောင်းမွန်လာမယ့် အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်ကလည်း စွန့်ဦးတီထွင် လုပ် ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ONE Championship အနေနဲ့ ကမ္ဘာကို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ကူညီနေတာဖြစ်ပါ တယ်။ စွန့်ဦးတီထွင်လုပ်ငန်းဟာ အားလုံးကို အဆင်ပြေချောမွေ့ကောင်းမွန်လာအောင် ကူညီတာလို့ အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအနေနဲ့လည်း အားလုံးကို အဆင်ပြေကောင်းမွန်လာဖို့ အရင်လုပ်ပါလို့ပြောချင်ပါတယ်။ သူများ ကို ကူညီရင်း မိမိအတွက် ဝင်ငွေရလာပြီး အောင်မြင်လာပါလိမ့်မယ်။ ပိုက်ဆံကို အဓိကထားပြီး လုပ်ဆောင်ရင်တော့ အောင်မြင်မှုရဖို့ ဝေး နေပါလိမ့်မယ်”ဟု Chatri Sityodtong က ပြောကြားခဲ့သည်။

၎င်းသည် Myanmar Entrepreneurship Summit 2019 တွင် ဟောပြောပို့ချခဲ့ပြီးနောက် Myanmar Bloomberg ရုပ်သံလိုင်းနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခန်း (Exclusive Interview) ပြုလုပ်ခဲ့သည်။ ထို့နောက် Shwe Than Lwin Media Company ၏ BOD အ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အနာဂတ်တွင် ONE Championship နှင့် တိုးမြှင့် လက်တွဲလုပ်ဆောင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top