ရက်များစွာ အစားစားချင်စိတ်မရှိဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ ဆင်မကြီး

yyl-033-13.jpg

အင်ဒိုးနီးရှားနိုင်ငံ၊ မြောက် ဆူမားတြာပြည်နယ်ရဲ့ မီဒန်တိရစ္ဆာန်ဥယျာဉ်က အသက် (၅၅) နှစ်အရွယ်ဆင်မကြီး နီနမ်ဟာ ရက်တော်တော်ကြာ အစာစားချင်စိတ်မရှိဖြစ်ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နီနမ်ဟာ လွန်ခဲ့တဲ့ရက်တစ်ပတ်ကတည်းက အစာမစားတော့ဘဲ သူ့ရဲ့ကျန်းမာရေးအခြေအနေက တစ်ပတ်ကျော်တဲ့အထိ ပိုပြီးဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။ ဆင်မကြီး မသေဆုံးခင်က ဆေးကုသရေးအဖွဲ့က သက်လုံကောင်းလာအောင်၊ အားအင်ပြည့်ဖြိုးလာအောင် ကြိုးစားခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ပါဘူး။

နီနမ်ဆိုတဲ့ဆင်မကြီးက ရက်တော်တော်ကြာ ဝေဒနာကို ခံစားခဲ့ပြီးနောက်မှာတော့ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးရခြင်း အကြောင်းအရင်းကို သိရဖို့အတွက် အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်လာတာကြောင့် ဆင်မကြီး သေဆုံးခဲ့တာလို့ သုံးသပ်ရကြောင်း ဆိုပါတယ်။

နီနမ်ရဲ့သေဆုံးတဲ့သတင်းကို ကြားကြားချင်ရောက်လာတဲ့ မီဒန်ကမြို့တော်ဝန် Akhyar Nasution က ဒီသတင်းကြောင့် ဝမ်းနည်းရကြောင်း၊ ဓာတ်ခွဲခန်းရလဒ်အကြောင်း ပြည်သူတွေက သိရမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ မီဒန်တိရစ္ဆာန်ဥယျာဉ်ရဲ့မန်နေဂျာကတော့ တိရစ္ဆာန်ဥယျာဉ်က ဆင်တွေဟာ လူတွေရဲ့စိတ်ဝင်စားမှုနဲ့ အစားအစာအလျှံပယ်ရတယ်လို့ ပြောပါတယ်။

“ဆင်စီးဖို့အတွက် ကျွန်မရဲ့ကလေးတွေကို မကြာခဏခေါ်လာလေ့ရှိပါတယ်။ ဆင်မကြီးသေသွားတဲ့အကြောင်းကို ကြားတော့ စိတ်မကောင်းဖြစ်ရပါတယ်။ သူက တိရစ္ဆာန်ဥယျာဉ်မှာဆိုရင် နာမည်ကြီးပါပဲ” လို့ အလည်အပတ်လာသူတစ်ဦးက ပြောပါတယ်။ နီနမ်သေဆုံးပြီးတဲ့နောက်မှာ အသက် (၅၀) အရွယ်ဆင်မကြီးသာ အဲဒီတိရစ္ဆာန်ဥယျာဉ်မှာ ကျန်ရှိတော့ပါတယ်။

Ref: 55-year-old elephant dies at Medan Zoo after losing appetite for days

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply