အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်ကြီးဆုံးဂေါ်ရီလာမျောက်ဝံ

18-4-2022-yyl-002.jpg

ကမ္ဘာ့အသက်ကြီးဆုံးဂေါ်ရီလာမျောက်ဝံ ဖာတို့ (Fatou) ဟာ သူ့ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့ကို ဘာလင်တိရစ္ဆာန်ဉယျာဉ်မှာ ကျင်းပခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ဂေါ်ရီလာက ဒီကနေ့ သူ့ရဲ့၆၅ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲနေပါတယ်။ အဲဒါက သူ့ကို ကမ္ဘာ့အသက်ကြီးဆုံးဂေါ်ရီလာဖြစ်စေခဲ့တယ်” လို့ တိရစ္ဆာန်ဉယျာဉ်က မနေ့က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

“ဒီနှစ်လည်း မွေးနေ့ကိတ်ကို မေ့ပျောက်ထားလို့မရပါဘူး။ မွေးနေ့အစားအစာက ဖာတို့အတွက် အမြဲတမ်း အရမ်းထူးခြားတဲ့အရာပါပဲ”လို့လည်း ရေးသားထားပါတယ်။ ပို့စ်မှာ ပါဝင်တဲ့ ဓာတ်ပုံတွေက “၆၅” ဆိုတဲ့ ဂဏန်းဖြစ်အောင် ဘယ်ရီသီး၊ သစ်သီးတွေနဲ့ အလှဆင်ထားတဲ့ မွေးနေ့ကိတ်ကို နှစ်သက်ပျော်ရွှင်နေတဲ့ ဖာတို့ကို ပြသနေပါတယ်။

ဖာတို့ဟာ ၁၉၅၉ ခုနှစ်က ဘာလင်ကို ရောက်လာခဲ့တာဖြစ်တယ်လို့ ဖာတို့ရဲ့၆၁ နှစ်ပြည့်မွေးနေ့ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဖာတို့ကို ဂျာမနီနိုင်ငံရဲ့ တိရစ္ဆာန်ဉယျာဉ်က မဝယ်ယူခင် သင်္ဘောသားတစ်ဉီးက ဘားတစ်ခုမှာ အရက်ဘီယာဖိုးအတွက် ဂေါ်ရီလာပေါက်ကလေးနဲ့ ပေးချေခဲ့ပြီး ဉရောပတစ်လွှားကို ပို့ဆောင်ခံခဲ့ရပါတယ်။ ဖာတို့ တိရစ္ဆာန်ဉယျာဉ်ကို ရောက်လာခဲ့စဉ်က အသက် ၂ နှစ်သာ ရှိသေးတယ်လို့ ခန့်မှန်းရပါတယ်။

၁၉၅၆ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ထရူဒီ (Trudy) အမည်ရတဲ့ဂေါ်ရီလာတစ်ကောင်သေဆုံးသွားပြီးနောက် ၂၀၁၉ခုနှစ်မှာ ဖာတို့ကို ကမ္ဘာ့အသက်အရှည်ဆုံးဂေါ်ရီလာမျောက်ဝံအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းက အမည်တပ်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် ဂေါ်ရီလာမျောက်ဝံတွေက အသက် ၅၀ ကျော်အထိ အသက်ရှင်နေနိုင်ကြတယ်လို့ ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

Ref: CNN “The oldest known gorilla in the world just turned 65”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top