စွန့်ပစ်ပလပ်စတစ်တွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စက္ကန့် (၃၀)တိုင်း လူ (၁) ယောက် သေဆုံးနေတယ်လို့ သိရပါတယ်။ စွန့်ပစ်ပစ္စည်းနဲ့ ပလပ်စတစ်တွေကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျောခြင်း၊ ငှက်ဖျားရောဂါနဲ့ ကင်ဆာရောဂါတွေကြောင့် (၁) နှစ်မှာ လူ (၁) သန်းအထိ သေဆုံးနေပါတယ်။ ဒါကြောင့် ပလပ်စတစ် အသုံးပြုတာနဲ့ အမှိုက်စွန့်ပစ်တာကို စနစ်တကျ လုပ်သင့်နေပြီဖြစ်ပါတယ်။
မြစ်ချောင်းတွေမှာ အမှိုက်ပစ်တာကလည်း ရေကြီးခြင်းနဲ့ ကူးစက်ရောဂါတွေကို ဖြစ်စေပါတယ်။ အဲဒီလိုဖြစ်လာတော့ အမှိုက်တွေကို မီးရှို့ရမှာလားလို့ မေးစရာရှိလာပါပြီ။ အမှိုက်တွေကို မီးရှို့လိုက်ရင် အန္တရာယ်ရှိတဲ့ အခိုးအငွေ့တွေကို ဖြစ်လာစေတဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်ပေးတာကြောင့် အမှိုက်ကို မီးရှို့တာတော့မကောင်းဘူးလို့ ပြောစရာဖြစ်လာပါတယ်။ လူတချို့က အမှိုက်တွေကို အမှိုက်ပုံမှာ သွားမပစ်ကြဘဲ ရေမြောင်း၊ ချောင်း နဲ့ မြစ်တို့မှာ စွန့်ပစ်တတ်ကြပါတယ်။
စွန့်ပစ်လိုက်တဲ့ ပလပ်စတစ်အများစုက နောက်ဆုံးမှာ ပင်လယ်ထဲ ရောက်သွားပြီး ရေပေါ် ပေါလောပေါ်မလာဘဲ ရေမျက်နှာပြင်နဲ့ (၇) မိုင်၊ (၁၁) ကီလိုမီတာ အကွာမှာ စုနေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်းပဲ ပင်လယ်နေသတ္တဝါတွေမျိုးတုံးတာ၊ မျိုးစိတ်အသစ် ဖြစ်လာတာတွေ ရှိလာပါတယ်။ ပလပ်စတစ်က လူသားတွေကိုသာမက သတ္တဝါတွေကိုလည်း အသက်အန္တရာယ်ပေးနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေတဲ့ ပလပ်စတစ်သုံးစွဲမှုများလာခြင်း နဲ့ အမှိုက် စွန့်ပစ်ခြင်းပြဿနာတွေက မြန်မာနိုင်ငံမှာလည်း လက်ရှိ ဖြစ်နေတယ်လို့ ပြောလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက “အမှိုက်ရှင်းပေးမယ်သူ၊ အမှိုက်သိမ်းပေးမယ်သူရှိတယ်ဆိုရင်တောင်မှ စနစ်တကျ စွန့်ပစ်မှုမရှိခြင်း”ပါပဲ။ အမှိုက်ရှင်းလင်းတာတွေ လုပ်နေကြပေမယ့်လည်း အမှိုက်ရှင်းပြီးလို့ (၁) ပတ်တောင်မခံဘဲ (၈) ရက်ကြာရင် အမှိုက်တွေ ပြန်စုပုံလာကြပါတယ်။
Ref: Sky News “Plastic pollution ‘killing one person every 30 seconds’ in developing countries”
Ah Ko Latt (ရိုးရာလေး)