သန်းတစ်ကောင်ထက်တောင် သေးငယ်တဲ့ ကမ္ဘာ့အသေးဆုံး အဝေးထိန်းလမ်းလျှောက်စက်ရုပ်

26-5-2022-yyl-12.jpg

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်မှာရှိတဲ့ Northwestern တက္ကသိုလ်ရဲ့ အင်ဂျင်နီယာတွေဟာ အဝေးထိန်းခလုပ်နဲ့ ထိန်းချုပ်နိုင်တဲ့ ကမ္ဘာ့အသေးငယ်ဆုံး လမ်းလျှောက်စက်ရုပ်ကို တီထွင်ခဲ့ကြပါတယ်။ 3D စက်ရုပ်ဟာ အလျား ဝ.၅ မီလီမီတာပဲရှိပြီး သန်းတစ်ကောင်ထက်တောင် ပိုသေးငယ်ပါတယ်။

ဒီစက်ရုပ်က လမ်းလျှောက်၊ ခုန်ပေါက်၊ ကွေးညွှတ်၊ တွားသွားနိုင်စွမ်းရှိပြီး ဟိုဘက်၊ ဒီဘက်လည်း လှည့်နိုင်ပါတယ်။ ဒီစက်ရုပ်ကို အီလက်ထရောနစ်ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာမဟုတ်ဘဲ အပူချိန်အလိုက် ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့အလွိုင်းသတ္တုကို မှန်သား ပါးပါးလေးအုပ်ပြီး တည်ဆောက်ထားတာပါ။

စက်ရုပ်ရဲ့ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ လေဆာရောင်ခြည်အတိုင်း ဦးတည်သွားလာပါတယ်။ လေဆာရောင်ခြည်နဲ့ အပူပေးလိုက်ရင် ပုံသဏ္ဍာန်ပြောင်းသွားပေမဲ့ အေးသွားရင်တော့ မူလပုံသဏ္ဍာန် ပြန်ဖြစ်သွားမှာပါ။ စက်ရုပ်ကို စွမ်းအင်ပေးဖို့ ရှုပ်ထွေးတဲ့ hardware၊ ဟိုက်ဒရောလစ်နဲ့ လျှပ်စစ်ကို အသုံးပြုခြင်းမရှိဘဲ စက်ရုပ်ကိုယ်ထည်အတွင်းက ပုံပြောင်းတွန်းကန်အား(elastic resilience)ကို ယူငင်သုံးစွဲတာဖြစ်ပါတယ်။

အနာဂတ် တချိန်ချိန်မှာ ခန္ဓာကိုယ်ကို ထိခိုက်မှုနည်းပါးစေတဲ့ ခွဲစိတ်မှုတွေလုပ်ဖို့၊ စက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ စက်ရုပ်တွေ ဖန်တီးတည်ဆောက်ရာမှာ ဒီနည်းပညာကို အသုံးပြုနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေပါတယ်။

Ref: Sciencedaily ” Tiny robotic crab is smallest-ever remote-controlled walking robot”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top