ဘတ်စ်ကားပေါ်မှာ ကျောင်းသူကို အဓမ္မကျင့်၊ သတ်ဖြတ်ခဲ့သူ ၄ ယောက်ကို ကွပ်မျက်ရန် အိန္ဒိယတရားရုံး ရက်သတ်မှတ်

yyl-032-3.jpg

၂၀၁၂ ခုနှစ်က နယူးဒေလီမြို့မှာ ကျောင်းသူတစ်ယောက်ကို အုပ်စုဖွဲ့အဓမ္မကျင့်ပြီးသတ်ခဲ့တယ်လို့ စီရင်ချက်ချမှတ်ခံထားရတဲ့ အမျိုးသား ၄ ယောက်ကို ကွပ်မျက်ဖို့ အိန္ဒိယတရားရုံးက ရက်သတ်မှတ်ပေးခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့ ကျောင်းသူဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက သူ့ချစ်သူနဲ့အတူ ရုပ်ရှင်ကြည့်ပြီး ပြန်လာတုန်း အမျိုးသား ၆ ယောက်က သူတို့ကို ဘတ်စ်ကားပေါ် တင်ခေါ်သွားခဲ့ပါတယ်။ လူပြတ်တဲ့နေရာေရောက်တော့ အဲဒီလူ ၆ ယောက်က ယောကျာ်းလေးကို သံတုတ်နဲ့ရိုက်ပြီး မိန်းကလေးကို အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်ထဲ သံတုတ်ထိုးသွင်းပြီး ကိုယ်တွင်းကလီစာတွေ ဒဏ်ရာရအောင် လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့အတွဲကို ဝတ်လစ်စလစ်နဲ့ ကားပေါ်က ကန်ချခဲ့ပါတယ်။ မိန်းကလေးကတော့ သီတင်းပတ် ၂ပတ်အကြာမှာပဲ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

ဒီအမှုကို မြန်မြန်ဆန်ဆန် စစ်ဆေးတဲ့ တရားရုံးမှာ ရုံးတင်စစ်ဆေးပြီး ၂၀၁၃ ခုနှစ်မှာ အမျိုးသား ၆ ယောက်အနက် ၄ ယောက်ကို သေဒဏ်ပေးခဲ့ပါတယ်။ နောက်ထပ်အမျိုးသားတစ်ယောက်ကတော့ ရုံးတင်စစ်ဆေးမှုမတိုင်ခင်မှာပဲ အချုပ်ခန်းထဲမှာ ကြိုးဆွဲချသေဆုံးခဲ့ပါတယ်။ သံသယရှိသူ ၆ ယောက်ထဲမှာ တစ်ယောက်ကတော့ အခင်းဖြစ်ပွားချိန်က အသက်မပြည့်သေးတဲ့အတွက် ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ ၃ နှစ် ထိန်းသိမ်းခံဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သေဒဏ်ချမှတ်ခံထားရသူ ၄ ယောက်ကို ဇန်နဝါရီလ ၂၂ ရက်ကျရင် ကွပ်မျက်ဖို့ နယူးဒေလီမြို့ တရားရုံးက ရက်သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရှေ့နေတွေက နောက်ဆုံးအကြိမ် အယူခံဝင်ဖို့ စီစဉ်နေပါတယ်။ သူတို့ ၄ ယောက်ရဲ့ နောက်ဆုံးအယူခံကို အထက်တရားရုံးချုပ်က မပယ်ချမချင်း သူတို့ကို ကွပ်မျက်ခွင့်မရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top