သုံးစွဲခွင့်အတွက် အချိန်တစ်နှစ်လောက်ပဲ ကျန်ရှိတော့တဲ့ Google Hangouts

Red5Pro_HangoutsNoMore-1492724988386.jpg

လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက Google Hangouts အပ်ပလီကေးရှင်းကို ဘာမှ ပြုပြင်မွမ်းမံမှု မရှိတော့တာ သတိပြုမိကြမယ်ထင်ပါတယ်။ ဘယ်တော့ ဖျက်သိမ်းတော့မလဲလို့ သံသယဝင်ခဲ့ရတာတွေက အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ Google Hangouts အပ်ပလီကေးရှင်းကို ဖျက်သိမ်းပစ်တော့မယ့် သတင်းထွက်ပေါ်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် Googel Hangouts ကို အသုံးပြုဖို့ တစ်နှစ်ပဲ အချိန်ရတော့မှာပါ။

ခုနောက်ပိုင်းမှာ ပြင်ဆင်မွမ်းမံမှု လုံးဝမရှိတော့တဲ့အတွက်ကြောင့် အပ်ပလီကေးရှင်းမှာလည်း ပြဿနာတွေရှိလာခဲ့ပြီး အသုံးပြုရတာလည်း အဆင်မပြေတော့ပါဘူး။ Google Hangouts အပ်ပလီကေးရှင်းတောင် အသက်ကြီးလာခဲ့ပြီ လို့ အချို့ကလည်း နောက်ပြောင်နေပြန်ပါတယ်။ ဒါပေမဲ့လည်း သူ့ကို လူကြိုက်များမှုက လျော့ကျသွားခြင်း မရှိသေးဘဲ Google Play Store ကနေ ဒေါင်းလော့ခ်ဆွဲယူ အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

Google Hangouts သာ အမှန်တကယ် ဖျက်သိမ်းသွားခဲ့ရင်တော့ သူ့ကို အသုံးပြုနေသူတွေဟာ WhatsApp အပ်ပလီကေးရှင်းဆီ ဦးလှည့်သွားဖို့က အနှေးနဲ့အမြန်ပါပဲ။ ဒါပေမဲ့ Googel Hangouts အပ်ပလီကေးရှင်း တကယ်တမ်း အနားယူသွားဖို့က တစ်နှစ်လောက် လိုနေသေးတာမို့ ဆက်ပြီးအသုံးပြုရင်း သူ့နေရာမှာ အစားထိုးသုံးနိုင်မယ့် တခြား chat app ကောင်းတစ်ခုကို ရှာဖွေချိန်တော့ရသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: 9to5Google “2019 is your last year to use Google Hangouts if you haven’t moved on already”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top