အိန္ဒိယနိုင်ငံမှာ ဧပြီလတစ်လအတွင်း အလုပ်လက်မဲ့ဖြစ်သူ ၁၂၂ သန်း ရှိ

7-5-2020-yyl-001.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ဖို့ ပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဧပြီလတစ်လအတွင်း အိန္ဒိယနိုင်ငံသား ၁၂၂ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ ပုဂ္ဂလိက သုတေသနအေဂျင်စီရဲ့ အချက်အလက်သစ်တွေမှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းဟာ ၂၇ ဒသမ ၁ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ Centre for Monitoring the Indian Economy(CMIE) အေဂျင်စီက ပြောပါတယ်။

အချက်အလက်သစ်အရ အိန္ဒိယနိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေမှာ အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေထက် ၄ ဆ ပိုများနေတယ်လို့ တွေ့ရပါတယ်။အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့အတွက် မတ်လ ၂၅ ရက်ကတည်းက နိုင်ငံတစ်ဝန်း အသွားအလာပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ ကျပန်းအလုပ်လုပ်သူများဖြစ်လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ရပ်နားပြီး အများပြည်သူ ပို့ဆောင်ရေးစနစ်ကို ဆိုင်းငံ့လိုက်ချိန်မှာ ပထမဆုံး အထိနာခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၁၇၈၅ ယောက်ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top