သေပြီးနောက် (၄) နာရီအကြာမှာ ဝက်ဦးနှောက်တွေကို တစ်စိတ်တစ်ပိုင်းလှုပ်ရှားအောင်လုပ်နိုင်ခဲ့

57614898_2336129763084597_4990185968507027456_n.jpg

အမေရိကန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ အသတ်ခံခဲ့ရတဲ့ ဝက်တွေရဲ့ ဦးနှောက်တွေကို (၄) နာရီအကြာမှာ တစ်စိတ်တစ်ပိုင်း နိုးထလာအောင် လုပ်နိုင်ခဲ့ပါတယ်။ သားသတ်ရုံက ဝက် (၃၂) ကောင်ရဲ့ ဦးနှောက်တွေကို ယူလာပြီး (၄) နာရီအကြာမှာ ယေးလ်တက္ကသိုလ်က အဖွဲ့တစ်ဖွဲ့ ဖန်တီးထားတဲ့စနစ်နဲ့ ချိတ်ဆက်ခဲ့ပါတယ်။ အဲဒီစနစ်ကတော့ နှလုံးခုန်တဲ့အတိုင်း ပုံတူဖန်တီးပြီး ဦးနှောက်ထဲကို အရည်တစ်မျိုး စည်းချက်မှန်မှန် စီးဆင်းအောင် လုပ်ထားတာပါ။

အဲဒီအရည်ထဲမှာ အောက်ဆီဂျင်ကို သယ်ဆောင်နိုင်တဲ့ သွေးအတု၊ ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာကို တန်ပြန်နိုင်တဲ့ ဒါမှမဟုတ် အချိန်ဆွဲနိုင်တဲ့ ဆေးဝါးတွေ ပါဝင်ပါတယ်။ ဝက်ဦးနှောက်တွေထဲမှာ အဲဒီအရည် (၆) နာရီကြာ စီးဆင်းစေခဲ့တာပါ။ အဲဒီလေ့လာမှုအရ ဦးနှောက်ဆဲလ် သေဆုံးမှုကို လျှော့ချနိုင်ပြီး သွေးကြောတွေ ပြန်လှုပ်ရှားလာတဲ့အပြင် ဦးနှောက်တစ်စိတ်တစ်ပိုင်း ပြန်လည်နိုးထလာတာ တွေ့ရပါတယ်။ ဒါဟာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားထဲက ကန့်လန့်ကာအပိုင်းအခြားနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးစရာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အယ်လ်ဇိုင်းမားရောဂါလို ရောဂါတွေကို သုတေသနလုပ်ဖို့ နည်းလမ်းသစ် ဖန်တီးပေးနိုင်စွမ်းလည်း ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top