မိဘကျေးဇူးသိတတ်တာကြောင့် နေ့ချင်း ညချင်း နာမည်ကြီးခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ

190515-anna-ocegueda-main-se-333p_b5365eaeff97cb6db8157b5462c90dee.fit-2000w.jpg

လာမယ့်တနင်္ဂနွေ မေလ (၁၉) ရက်နေ့ ကတော့ အန်နာ အိုဆီဂူဒါ (Anna Ocegueda) အတွက် အပျော်ရွှင်ရဆုံးနေ့တစ်နေ့ ဖြစ်တော့မှာပါ။ အကြောင်းကတော့ သူဟာ သူမရဲ့ မိသားစုထဲမှာ တက္ကသိုလ် (၄) နှစ် တတ်ပြီးနောက် ဘွဲ့ရတဲ့ ပထမဆုံးမိသားစုဝင် ဖြစ်တော့မှာ မို့လို့ပါ။ သူ ဘွဲ့ရမှာကို သူ့ မိသားစုဝင်တွေတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းက လူတွေကလည်း ဂုဏ်ယူမဆုံး ဖြစ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မိဘကျေးဇူးသိတတ်လွန်းလို့ပါ။

အသက် (၂၂) နှစ်အရွယ် အိုဆီဂူဒါက မကြာသေးခင်က တွစ်တာအကောင့်မှာ သူ့ရဲ့ မိဘတွေကို ကျေးဇူးတင်ကြောင်း စာတင်ခဲ့ပါတယ်။ သူက မာဆက်မြို့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ ဘွဲရတော့မှာက သူ့မိဘတွေကြောင့်လို့ ရေးခဲ့ပါတယ်။ တွစ်တာမှာ သူက “အဖေ နဲ့ အမေကြောင့် ဘွဲရတော့မှာပါ။ အဖေ နဲ့ အမေအတွက် ဖြစ်ရပါမယ်”လို့ ရေးခဲ့ပါတယ်။ စာက တိုးပြီး ရိုးရှင်းပေမယ့် နောက်ကွယ်က ဖြစ်ရပ်တွေက မရိုးရှင်းပါဘူး။

သူကေ ဘဝဇာတ်နာခဲ့ပေမယ့်လည်း ဘဝဇာတ်ခုံပေါ်မှာ အလှပဆုံးအပြုံးတွေနဲ့ ကနိုင်ခဲ့ပါတယ်။ အိုဆီဂူဒါ နဲ့ သူ့ရဲ့ မွေးချင်း (၄) ယောက်က မက္ကဆီကိုမြို့ကနေ ကယ်လီဖိုးနီးယားပြည်နယ်၊ မာဆက်မြို့ကို ပြောင်းရွှေ့ခဲ့တဲ့ မိဘတွေရဲ့ ကလေးတွေပါပဲ။ သူရဲ့ မိဘတွေက လိမ္မော်ခြံမှာ ရာသီထွက်သစ်သီးတွေကို ကောက်လာခဲ့တာ လက်ရှိအချိန်အထိဖြစ်ပြီး နှစ် (၂၀) ကြာနေပါပြီ။ သူမ ကြိုးစားမှုက သူ့မိဘတွေရဲ့ချွေးကို သုတ်ပေးနိုင်တော့မှာပါ။

ဆိုဆီဂူဒါ နဲ့ သူ့ရဲ့ အတန်းဖော်တွေက တစ်ကမ္ဘာလုံးက ကျောင်းသား၊ ကျောင်းသူ တွေနဲ့ အတူ တတ်ရတဲ့ “အနုပညာအတန်း” မှာ အနုပညာနဲ့ နိုင်ငံရေးပြဿနာကို ပုံဖော်ဖို့ အိမ်စာတစ်ခုရခဲ့ပါတယ်။ သူက သူ့မိဘတွေရဲ့ အလုပ်ကြိုးစားမှု နဲ့ ဆုံးဖြတ်ချက် တွေကြောင့် သူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ခဲ့တာကို ပြသနိုင်တဲ့ အနုပညာလက်ရာကို ဖန်တီးခဲ့ပြီး သူ ဖန်တီးခဲ့တာက သူ နဲ့ သူ့မိဘတွေ ပါတဲ့ ဓာတ်ပုံ (၁) ပုံပဲ ဖြစ်ပါတယ်။

Ref: NBC News “Latina college senior’s tribute to immigrant farm worker parents goes viral”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top