တစ်ခါတုန်းက အမျိုးသားတစ်ဦးဟာ ပန်းဆိုင်တစ်ဆိုင်ကိုသွားပါတယ်။ အဝေးမှာရှိနေတဲ့သူ့ရဲ့အမေဆီကို ပန်းစည်းပို့ပေးဖို့အတွက်ပါ။ ပန်းဆိုင်ရှေ့ကိုရောက်တဲ့အခါ ကလေးမလေးတစ်ယောက်က စိတ်ညစ်လက်ညစ်နဲ့ထိုင်နေတာကို သူတွေ့လိုက်ပါတယ်။ ဘာဖြစ်လို့လဲလို့ သူမေးလိုက်တဲ့အခါ ကလေးငယ်လေးက သူ့အမေကို နှင်းဆီပန်းတစ်ပွင့်ဝယ်ပေးချင်တာ ပိုက်ဆံမလောက်လို့စိတ်ညစ်နေတာလို့ ပြောပြပါတယ်။ အဲ့ဒါနဲ့ သူက ကောင်မလေးအတွက်ပ နှင်းဆီပန်းဝယ်ပေးပြီး သူ့အမေအတွက် ပန်းစည်းပို့ပေးဖို့မှာလိုက်ပါတယ်။
ပြန်ထွက်လာတော့ ကလေးမလေးကိုပါ လိုက်ပို့ပေးရမလားလို့မေးလိုက်တော့ ကလေးမလေးကလည်း သူမရဲ့အမေဆီလိုက်ပို့ပေးဖို့ ပြောတာပေါ့။ တကယ်တမ်းလိုက်ပို့တော့မှ သူမ အမေရှိနေတယ်ဆိုတဲ့နေရာက အုတ်ဂူကလေးဖြစ်နေတော့တာပါပဲ။ ကလေးမလေးက သူမရဲ့ အမေရဲ့အုတ်ဂူမှာထားဖို့ နှင်းဆီပန်းလာဝယ်တာပဲ ဖြစ်ပါတယ်။ သူလည်း နောင်တရသွားပြီး ပန်းဆိုင်ကို ပြန်သွားကာ ပို့ပေးဖို့ပြောထားတဲ့ ပန်းစည်းကိုယူပြီး သူကိုယ်တိုင်ပဲ မိုင်ပေါင်းများစွာ အဝေးမှာရှိနေတဲ့ သူ့အမေဆီ ချက်ချင်းသွားပါတော့တယ်။
ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒီဇာတ်လမ်းလေးကနေတဆင့် ပြောပြချင်တာကတော့ အဝေးမှာ ရှိနေတာပဲဖြစ်ဖြစ် အတူတူနေတာပဲဖြစ်ဖြစ် မိဘကို အသက်ထင်ရှားရှိနေတုန်း ဂရုစိုက်အချိန်ပေးတာက အကောင်းဆုံးပါပဲ။ သားသမီးရဲ့ စကားလေးတစ်ခွန်း၊ ပန်းလေးတစ်ပွင့်ကစလို့ အနမ်းလေးတစ်ချက်အထိ မိဘကို ကြည်နူးပီတိဖြစ်စေတာတော့ ရှိနိုင်မယ်မထင်ပါဘူး။ ဘဝဆိုတာက အချိန်သိပ်ကို တိုတောင်းပါတယ်။ ဒါကြောင့် အသက်ထင်ရှားရှိနေစဉ်အတွင်း မိဘကို အကောင်းဆုံးပြုစုစောင့်ရှောက် အချိန်ပေးတာက နောက်ပိုင်းမှ နောင်တရနေရတာထက် အများကြီး ပိုကောင်းမွန်တန်ဖိုးရှိတာမို့ မိသားစုကို အချိန်ပေး ဂရုစိုက်ပါလို့ တိုက်တွန်းပါရစေ။
Ref: Rose for mother
Jong Kin (ရိုးရာလေး)