စင်ကာပူတွင် နည်းပညာကို အသုံးပြု၍ ရေရှားပါးမှု ပြဿနာကို ဘယ်လိုဖြေရှင်းသလဲ

yyl-039-6.jpg

စင်ကာပူ နိုင်ငံသည် နေ့စဉ် ရေ ဂါလံ သန်းပေါင်း ၄၃၀ ကို သုံးစွဲနေလျှက်ရှိသည်။ ထို တိုင်းတာချက် သည် နောက်လေးနှစ်တာ ကာလအတွင်း နှစ်ဆတက်သွားဖွယ် ရှိနေသည်။ ထိုမျှသုံးစွဲမှု ပမာဏ သည် ကမ္ဘာ့ ရေအရင်းအမြစ် ရှားပါးမှု ကြီးထွားစေလာ ခြင်းကို ရင်ဆိုင်လာရမည်ဟု အခြားသော အာရှနိုင်ငံများမှ စိုးရိမ်စွာ ပြောဆိုမှုများလဲ တစ်ပုံ တစ်ခေါင်းပင် ရှိလို့လာသည်။ ထိုအချက်ကပင် အနာဂတ်တွင် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်အတွက် နည်းပညာ အသစ်တစ်ခုကို ဖန်တီးလိုက်သည်။

စင်ကာပူ နိုင်ငံ Nanyang နည်းပညာ တက္ကသိုလ် မှ Nanyang သဘာဝပတ်ဝန်းကျင် နှင့် ရေအရင်းအမြစ် သုတေသနပြု သင်တန်းကျောင်း ၏ အမှုဆောင် ဒါရိုက်တာချုပ် Shane Snyder မှ “စင်ကာပူ ဟာ အမှန်တကယ်ပင် ကမ္ဘာ့ရေသိုလှောင်ရုံကြီး ဖြစ်လာခဲ့ပြီ။ ဒီနေ့ပဲ သိုလှောင်ရုံထဲက ရေ ၄၀% လောက်ကို မြို့ထဲကို ဖြန့်တယ်။ ရာသီ ဥတု ပြောင်းလဲလာတာ နှင့်အမျှ ရေအရင်းအမြစ် အတွက် သိပ်စိတ်ချထားလို့ မရတော့ဘူး။” ဟု ပြောကြားသည်။

မြို့ပြများ လျှင်မြန်စွာ တိုးတက်ပြောင်းလဲ နေခြင်း နှင့် ကမ္ဘာ့အပူချိန် မြင့်တက်လာမှု တွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာ နှင့် ရေအရင်းအမြစ် သုံးစွဲခြင်း မြင့်မားလာမှု ကို ဖြစ်ပေါ်စေသည်။
ဒီကနေ့တွင် ကမ္ဘာ့ လေးပုံတစ်ပုံ သည် ရေရှားပါးမှု ပြဿနာ နှင့် ရင်ဆိုင်နေရသည်။ ထိုဖြစ်စဉ် အပေါ် ကျွမ်းကျင်သူများမှ ကျွနုပ်တို့သည် သဘာဝအရင်းအမြစ် များကို ကမ္ဘာမြေမှ ပြန်လည် ဖြည့်တင်း နိုင်သည်ထက် ပို၍ မြန်ဆန်စွာ ထုတ်ယူသုံးစွဲ နေကြသည်။” ဟု သုံးသပ် ပြောဆိုသည်။

တပြိုင်တည်းမှာပင် လူပေါင်း ငါးသန်း နေထိုင်သည့် စင်ကာပူ နိုင်ငံတွင် အလှဆင် ရေပန်းများ၊ ရေလှောင်ကန်များ နှင့် ပေ ၁၃၀ အမြင့်ရှိပြီး တစ်မိနစ်လျှင် ရေဂါလံပေါင်း ၁၀,၀၀၀ ကိုလွှတ်သော အလှဆင် ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ (indoor) ရေတံခွန် အစရှိသည့် ရေအသုံးပြုခြင်းများ ရှိနေသည်။ သို့သော် ထိုရေအသုံးပြုမှုများ အတွက် စင်ကာပူလို ကျွန်း နိုင်ငံ သေးသေးလေးတွင် သဘာဝ ရေအရင်းအမြစ် ဟူ၍မရှိပေ။ စင်ကာပူတွင် နေ့စဉ်အသုံးပြုနေသော သောက်သုံး ရေများသည် ပြန်လည်သန့်စင်ထား သော ရေများ နှင့် အိမ်နီးချင်း နိုင်ငံများ မှ တင်သွင်း ထားသော ရေများပင် ဖြစ်သည်။

Snyder ၏ သုတေသန လုပ်ဆောင်ချက်များ သည် စင်ကာပူ ၏ ရေအရင်းအမြစ် ရှားပါးမှုမှ လွတ်မြောက်ရန် အဖြေများထဲမှ တစ်ခုဖြစ်သည်။ “စိတ်ချယုံကြည် ရသည့် ရေအရင်းအမြစ် တစ်ခုရှိပြီ ဆိုလျှင် ကျွန်မတို့ လျှင်မြန်စွာ ပြောင်းလဲ နိုင်ဦးမှာ ဖြစ်တယ်။ ထို့ကြောင့် ကျွန်မတို့ ပြင်ဆင် ရမယ်။ ကျွန်မတို့ အကောင်းဆုံးဆိုတဲ့ အခြေခံ အုတ်မြစ်တွေ ကို သေချာချထားနိုင်ဖို့ ကြိုတင် ပြင်ဆင်ရမယ်။ အနာဂတ်မှာ ရေအရင်းအမြစ် လုံလောက်ရေးကို သေချာစွာ ကိုင်တွယ် နိုင်ရန်က ယခု ကျွန်မတို့ ဖန်တီးနေတဲ့ နည်းပညာပေါ်မှာ အများကြီး မူတည်နေတယ်” ဟု သူမ က ဆိုသည်။

သူမတို့ တက္ကသိုလ်မှ စမ်းသပ်နေသည့် နည်းပညာ တစ်ခုဆိုလျှင် သေးငယ်သည့် carbon fiber aerogel အနက်ရောင် ရေမြှပ်လေးအား အသုံးပြု၍ စွန့်ပစ် ရေဆိုးများမှ အညစ်အကြေး များကို သန့်ရှင်းခြင်းပင် ဖြစ်သည်။ ထို ရေမြှပ်လေး တစ်ခုသည် အညစ်အကြေးများ နှင့် ရောဂါပိုးမွှားများကို သူ၏ အဆပေါင်း ၁၉၀ ဆပို၍ စုပ်ယူနိုင်သည်။

ထိုပစ္စည်းလေးကို စင်ကာပူ ဈေးကွက်တွင် စီးပွားဖြစ် စတင်ဖြန့်ချီ နိုင်ရန် လိုအပ်သော ဖြည့်စွက်မှုများ ပြုလုပ်နေပြီ ဖြစ်ပြီး EcoWorth Technology ကုမ္ပဏီမှ ဈေးကွက်တွင်း ဖြန့်ချီရန် စီစဉ်လျှက် ရှိသည်။ EcoWorth Technology ကုမ္ပဏီ၏ CEO Andre Stoltz မှ “ကျွန်တော်တို့ တီထွင် ထုတ်လုပ်လိုက်သည့် ဒီပစ္စည်းကြောင့် ကြီးမားသော သက်ရောက်မှုများစွာ ရှိမှာကို ယုံကြည်တယ်၊ ကျွန်တော်တို့ ဒီပစ္စည်းကို စင်ကာပူ ဈေးကွက်သို့ စတင်ဖြန့်ချီမည် နောက်ပိုင်း မှာတော့ တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် ဖြန့်ချီသွားမယ်။ ဒါဟာ သေချာပေါက် ဝယ်ယူသုံးစွဲသင့်တဲ့ productတစ်ခုဖြစ်လာမှာ ကိုလဲ ယုံကြည်တယ်” ဟုဆိုသည်။

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သော စင်ကာပူ အခြေစိုက် WateRoam ဟုခေါ်သည့် အခြား ကုမ္ပဏီတစ်ခုမှလဲ ပေါ့ပါးသည့် သယ်ယူတပ်ဆင် နိုင်သည့် ရေဆိုးများမှ အညစ်အကြေး စစ်ထုတ်ပေးသော ပစ္စည်းအား စင်ကာပူ နှင့် အခြားနိုင်ငံများသို့ ဖြန့်ဖြူး နိုင်ခဲ့သည်။ ထို တီထွင်မှုကြောင့် အရှေ့တောင်အာရှ တခွင်ရှိ လူပေါင်း ၇၅,၀၀၀ ကျော်ကို သောက်သုံးရေသန့် ထောက်ပံ့ပေး နိုင်ခဲ့သည်။
WateRoam ကုမ္ပဏီ၏ CEO David Pong မှ “ထို product တီထွင် စမ်းသစ်မှု တစ်ခုလုံး၏ အဓိက ရှုထောင့်မှာ ရိုးရှင်းမှုပင် ဖြစ်သည်။ ကျွန်တော်တို့ က ရေပြဿနာကို အခြေခံ ပြဿနာ တစ်ခုလို့ပဲ မြင်တယ်။ အဲလိုပဲ အခြေခံ နည်းပညာ နဲ့ပဲ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ အရမ်းတွေ ဇာချဲ့တဲ့ နည်းလမ်းတွေ မသုံးခဲ့ဘူး။ ကျွန်တော်တို့ product ကို သုံးဖို့ အင်ဂျီနီယာ ကြီးတွေ ပညာရှင်ကြီးတွေ မှ နားလည်နိုင်တာမျိုး ကျွန်တော်တို့ မဖြစ်စေချင်ခဲ့ဘူး။ ရိုးရိုးရှင်းရှင်း နှင့် သာမန် အများပြည်သူ ကောက်ယူအသုံးပြု ရနိုင်လောက်တဲ့ အထိ ကျွန်တော်တို့ စဉ်းစားခဲ့တယ်။” ဟု ပြောကြားခဲ့သည်။

WateRoam ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သူတို့၏ ရေသန့်စင်ပေးသည် product ကြောင့် ကျေးရွာမှ လူနေအိမ် တစ်ရာကျော်ကို နှစ်နှစ်အတွင်း သန့်ရှင်းသော သောက်သုံးရေ ရအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top