ကိုယ်ဆင်တဲ့ထောင်ချောက် ကိုယ်ပြန်မိပြီး အမျိုးသားတစ်ယောက် သေဆုံး

yyl-008-3.jpg

အိမ်ထဲကို သူစိမ်းတွေ ကျူးကျော်မလာနိုင်အောင် ထောင်ချောက်ဆင်ခဲ့တဲ့ အမေရိကန်အမျိုးသားတစ်ယောက်ဟာ ကိုယ့်ထောင်ချောက် ကိုယ်မိပြီး သေနတ်မှန်ခဲ့လို့ သေဆုံးခဲ့ပါတယ်။ အသက် ၆၅ နှစ်ရှိတဲ့ ရော်နယ်စီယာဟာ သူဆင်ထားတဲ့ ထောင်ချောက် ပြန်မိပြီး သေနတ်ပစ်ခတ်ခံရတဲ့နောက်မှာ မိန်းပြည်နယ်၊ ဗန်ဘူရမ်မြို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ရော်နယ်စီယာရဲ့ နေအိမ်ကို စစ်ဆေးကြည့်ချိန်မှာ ကျူးကျော်ဝင်လာတဲ့သူတွေကို အလိုအလျောက် ပစ်ခတ်နိုင်အောင် စီစဉ်ထားတဲ့ တံခါးတစ်ချပ်ကို တွေ့ရှိခဲ့ပါတယ်။

နေအိမ်ပိုင်ရှင်တွေက အခုလိုထောင်ချောက်ဆင်တာ မကြုံစဖူးကိစ္စမျိုး မဟုတ်ပေမဲ့ တရားမဝင်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေက ရော်နယ်စီယာကို ဆေးရုံပို့ခဲ့ပေမဲ့ သေနတ်ဒဏ်ရာကြောင့် ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဘယ်လိုအခြေအနေကြောင့် သေနတ်မောင်းဖြုတ်ခဲ့မိတာလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ရော်နယ်စီယာရဲ့အိမ်မှာ ထောင်ချောက်ဖြစ်ဖွယ်ရှိတဲ့ တခြားအရာတွေကို တွေ့ခဲ့လို့ မိန်းပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ကို အကူအညီတောင်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလည်း အီလီနွိုက်စ်ပြည်နယ်က အမျိုးသားတစ်ယောက်ဟာ အိမ်နီးချင်းတစ်ယောက်ရဲ့ ထောင်ချောက်မိခဲ့လို့ သေဆုံးခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top