ရေဆာတဲ့အတွက် ကားလမ်းမပေါ် ရေလာသောက်တဲ့ ကိုအာလာလေး

yyl-001-14.jpg

လက်ရှိမှာတော့ သြစတြေးလျတောမီးလောင်ကျွမ်းတာက တဖြည်းဖြည်းနဲ့ လျော့နည်းလာပါပြီ။ တချို့တိရစ္ဆာန်လေးတွေက မီးခိုးငွေ့တွေကြားမှာ နေထိုင်နေကြရပါတယ်။ သူတို့ဟာ ဘယ်နေရာမှ သွားနိုင်စွမ်းမရှိကြတဲ့ တိရစ္ဆာန်လေးတွေပါ။ အဲဒီတွေထဲကမှ ကိုအာလာဝက်ဝံလေးတစ်ကောင်က ရေဆာတဲ့အတွက် ကားလမ်းမပေါ် တက်ပြီး ရေလာသောက်ခဲ့ပါတယ်။ အဲဒီလိုရေသောက်နေတာကို ပါမီလာ ဆချာယာမ် (Pamela Schramm) ဆိုတဲ့အမျိုးသမီးက သူ့မိသားစုနဲ့ အတူ ကားမောင်းလာစဉ်မှာမြင်တွေ့ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်မှ မိုးရွာသွန်းခဲ့တဲ့အတွက် ရေဆာနေတဲ့ ကိုအာလာလေးက လမ်းမပေါ်တက်လာခဲ့တာဖြစ်ပါတယ်။ လမ်းမထက်က ရေအိုင်ကလည်း အရမ်းသေးတဲ့အတွက် ကိုအာလာလေးက လျှာနဲ့ လျက်ပြီးသောက်နေရတာပါ။ ပါမီလာက ကိုအာလာကို မြင်ခဲ့ပြီး ကားအန္တရာယ်တွေကြောင့် အခြားနေရာကို ရွေ့ပေးဖို့ ကြိုးစားခဲ့တဲ့အခါမှာ ကိုအာလာလေးက အရမ်းရေဓာတ်ကုန်ခန်းနေတဲ့ပုံပါပဲ။

အစကတော့ ပါမီလာက ကိုအာလာဟာ ထိခိုက်ဒဏ်ရာရနေတယ်လို့ ထင်ခဲ့ပါတယ်။ သူ့ကို သေချာစစ်ဆေးကြည့်ပြီးတဲ့နောက်မှာ ကားဆီကို ပြန်သွားခဲ့ပြီး သိကျွမ်းတဲ့သူတွေကို အဆက်အသွယ်လုပ်ခဲ့ပါတယ်။ ကိုအာလာလေးက ပြန်ထွက်သွားပြီး သစ်ပင်တစ်ပင်ပေါ်တက်ဖို့လုပ်တဲ့အခါမှာ ပါမီလာက တိရစ္ဆာန်လေး အားလုံးအဆင်ပြေတယ်ဆိုတာကို သိခဲ့ရပါတယ်။

ပါမီလာက ကိုအာလာနဲ့ အဲဒီလိုတွေ့ကြုံပြီးတဲ့နောက် သြစတြေးလျနိုင်ငံတစ်ဝှမ်းမှာ သွားလာနေတဲ့သူတွေကို ကားမောင်းတဲ့အခါ လမ်းမပေါ်ကို သေချာကြည့်ကြဖို့ သတိပေးစာကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။ ကိုအာလာတွေကို ကားနဲ့ တိုက်မိတာတွေဖြစ်မှာဆိုးရတဲ့အတွက် အခုလို သတိပေးခဲ့တာဖြစ်ပါတယ်။

ကိုအာလာက မကြာခဏဆိုသလို လမ်းမပေါ် တက်လာလေ့ရှိတဲ့ပုံပဲ။ ရေဆာတဲ့အတွက် မိုးကဖန်တီးပေးလိုက်တဲ့ ရေအိုင်တွေကနေ ရေသောက်ဖို့ရာ တောထဲက ထွက်လာခဲ့ကြတာပါ။ အထူးသဖြင့် ညဘက်တွေမှာ လူတွေက လမ်းမပေါ်မှာ ကိုအာလာလေးတွေရှိမရှိ အထူးဂရုစိုက်သင့်ပါတယ်။ လူတွေကထိခိုက်ဒဏ်ရာ ရမထားတဲ့ ကိုအာလာတွေကို လမ်းပေါ်မှာတွေ့ရင် သူ့ကို ကောက်ချီဖို့မကြိုးစားသင့်ပါဘူး။ ဒါက သူတို့ကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ လူတွေလုပ်သင့်တာက ကိုအာလာတွေကို ကားနဲ့မတိုက်မိအောင် ကာကွယ်ဖို့ ကြိုးစားတာပါပဲ။

https://www.youtube.com/watch?time_continue=9&v=8I782ToiVw4&feature=emb_title

Ref: Thirsty Adorable Koala Comes Out For A Drink On The Road, Driver-By Stops To Help & Posts A Warning Online

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top