Betadine® အကြောင်း သိကောင်းစရာ

packshot-15-ml.jpg

ပထမ ကမ္ဘာစစ် ကာလ အတွင်းမှာ စစ်ဘေး ဒဏ်ရာရ စစ်သားတွေကို အနာကနေ ရောဂါ ပိုးမွှား ဝင်ခြင်းမှ ကာကွယ် ကုသပေးဖို့ အတွက် iodine ဆိုတဲ့ ဓာတ်ကို Alexander Fleming လို့ အမည်ရတဲ့ စကော့တလန် သိပ္ပံပညာရှင်က စတင် တွေ့ရှိခဲ့ပါတယ်။

Betadine® သမိုင်းကြောင်း
၁၉၅၅ ခုနှစ်မှာ Povidone-iodine ဓာတု ဆေးဝါးဓာတ်ကို စတင် ဖြန့်ချိပြီး ကမ္ဘာသုံး iodine ရောဂါ ပိုးမွှားများ ကာကွယ်ဆေး ဖြစ်လာပါတယ်။
၁၉၆၀ ခုနှစ်ဝန်းကျင် အရောက်မှာတော့ ယင်း ဓာတ်ကို ပိုမို အဆင့်မြင့်အောင် ဖန်တီးနိုင်ခဲ့ပြီး ရောဂါ ပိုးမွှားများ ကူးစက်ခြင်းမှ ပါဝင်တဲ့ ပိုးမွားကိုပါ သတ်နိုင်တဲ့ ဆေး ဖြစ်လာခဲ့ပါတယ်။
၁၉၆၃ ခုနှစ်မှာတော့ Povidone-iodine ကို တရားဝင် မှတ်ပုံတင်ယူပြီး Betadine® အမည်ဖြင့် ကမ္ဘာအနှံ့ ဖြန့်ချိ ရောင်းချခဲ့ပါတယ်။
၁၉၆၉ ခုနှစ်မှာတော့ လကမ္ဘာသို့ သွားတဲ့ Apollo 11 အာကာသယာဉ်ပေါ်မှာ ပါလို့ပါလာငြား ကမ္ဘာ့အပြင်က ပိုးမွှားများကို သတ်ဖို့သုံးတဲ့ ဆေးဖြစ်တာကြောင့် ပိုမို လူသိများသွားခဲ့ပါတယ်။ ယင်းကတော့ Beatdine® ဟာ ဘက်တီးရီးယား ပိုးမွှား အတော်များများကို ကာကွယ် တားဆီးနိုင်ကြောင်း သက်သေ တစ်ခု ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူများ၏ ရွေးချယ်မှု
Betadine® ကို ထိခိုက်ရှာနာနှင့် အခြား အနာများကို ရောဂါပိုးမွှား ကူးစက်ခြင်းမှ ကာကွယ်ပေးရန် ဆေးရုံများ၊ ဆရာဝန်များ ခွဲစိတ်ခြင်းနှင့် ဆေးပညာရပ် ဆေးခန်းများတွင် အဓိက ဆေး တစ်ခုအဖြစ် အသုံးပြုကြပါတယ်။

ကမ္ဘာတစ်ဝှမ်း ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းများနှင့် နေအိမ်များတွင် 45 နှစ်ကျော် အသိအမှတ်ပြု ယုံကြည် စိတ်ချစွာ အသုံးပြုကြပါတယ်။ မြန်မာပြည်ရဲ့ ဆေးဆိုင်များမှာလည်း အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်များ သိရှိလိုပါက http://sg.betadine.com သွားရောက် လေ့လာ ကြည့်ရှု နိုင်ပါတယ်။

Ref : wiki, betadine

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top