နို့တိုက်မေမေ နွားနို့သောက်လို့ရလား

shutterstock-1024431865-700x467-1.png

ကလေးနို့တိုက်နေရတဲ့ မေမေတစ်ယောက် အမြဲလိုလိုစဉ်းစားမိနေမှာက ငါများ တစ်ခုခုစားလိုက်ရင် ငါ့ ကလေးလေးကို ထိခိုက်မလားဆိုတာပါ။ ဒီလိုစဉ်းစားမိပြီး မစားရဲတာကြောင့် အစားတော်တော်များများကို မစားမိဘဲရှိနေတာမျိုးများရှိလား။ ဒီတစ်ခေါက်တော့ ကလေးနို့တိုက်နေရလို့ နွားနို့ေသာက်လို့မဖြစ်ဘူးဆိုတဲ့ မေမေတို့အတွက်ပြောပြပေးချင်ပါတယ်နော်။

နို့တိုက်မေမေ နွားနို့သောက်လို့ရလား

နို့တိုက်နေရတဲ့မေမေက နွားနို့သောက်လို့ရပါတယ်နော်။ ဘေဘီလေးကို နို့တိုက်နေရတဲ့ မေမေတစ်ယောက်အနေနဲ့ တစ်နေ့တာကိုရေဓါတ် ၂.၂၅ လီတာကနေ ၃.၁ လိတာအထိလိုအပ်မှာဖြစ်ပါတယ်။ ခွက်ရေနဲ့ပြောရရင် ၉ ခွက်စာကနေ ၁၃ ခွက်စာလောက်ပေါ့။ မိခင်တိုင်းဒီပမာဏကို ပုံသေတွက်ထားလို့တော့ မရဘူးပေါ့။ ခန္ဓါကိုယ်ဖွဲ့စည်းပုံ မတူတဲ့အလျောက် လိုအပ်မယ့်ရေဓါတ် ပမာဏကလည်း ကွာခြားနိုင်ပါတယ်နော်။

ဒီရေဓါတ်ပမာဏကိုပြည့်မီစေဖို့မေမေတို့အနေနဲ့ရေ၊ သစ်သီးဖျော်ရည်၊ နွားနို့၊ ဟင်းချို နဲ့ အခြားသောကျန်းမာရေးနဲ့ ညီညွတ်တဲ့ဖျော်ရည်တွေကို သောက်သုံးလို့ရပါတယ်။ ရေဓါတ်ဖြည့်တယ်ဆိုတဲ့ နေရာမှာဆော်ဒါ၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကိုတော့ သောက်လို့မရပါဘူးနော်။ အချိုရည်တွေ၊ ကဖင်းပါတဲ့သောက်စရာတွေနဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက နောက်ဆက်တွြဲပဿနာတွေကို ရှိလာစေနိုင်တာကြောင့်ပါ။
ဒါတွေတင်မဟုတ်သေးပါဘူးနော်။ နို့တိုက်မေမေ တော်တော်များများလုပ်မိနိုင်တာ တစ်ခုက ကလေးလည်း ကျန်းမာအောင် ကိုယ့်အတွက်လည်းကောင်းအောင်ဆိုပြီး နို့ထွက်များစေတယ်ဆိုတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ဖော်စပ်ထားတဲ့ ရေနွေးကြမ်းတွေ ၊ဆေးရည်တွေသောက်တတ်တာပါ။

တကယ်တော့ အဲ့ဒီသောက်စရာတွေက မသောက်သင့်ပါဘူး။ကောင်းကျိုးထက် ဆိုးကျိုးကပိုများတာကြောင့်ပါ။ နို့တိုက်မေမေအနေနဲ့ နွားနို့ကိုသောက်ပေးလို့ရပေမယ့် အခုပြောခဲ့သလိုမျိုး ဆေးဖက်ဝင်တယ်ဆိုတဲ့ ဆေးမြစ်တွေကိုပြုတ်ထားတဲ့ အရည်တွေကိုတော့ မသောက်သင့်ပါဘူး။မေမေ့ကို မထိခိုက်ရင်တောင် မေမေ့နို့တစ်ခုတည်းနဲ့ အာဟာရဖြည့်တင်းနေရတဲ့ ဘေဘီလေးကိုထိခိုက်စေနိုင်လို့ပါ။

နို့တိုက်နေတဲ့မေမေတစ်ယောက်အနေနဲ့ နွားနို့သောက်ပေးတာက ကလေးဆီမှာ နွားနို့နဲ့ ဓါတ်မတည့်ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ မေမေကနွားနို့သောက်တာကြောင့်မေမေကို ကျန်းမာအားရှိစေမှာဖြစ်သလို ကလေးကိုလည်း လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ဗီတာမင် ဒီ (Vitamin D)တို့ကို ရရှိစေမှာပါ။ ဒီဓါတ်တွေပြည့်ဝမှုက ကလေးကို အရိုးဖွံ့ဖြိုးမှု၊ သွားတွေကြံ့ခိုင်မှုဖြစ်အောင် ထောက်ပံ့ပေးနိုင်သလို ကြွက်သားတွေဖြစ်ပေါ်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးကို ကိုယ်ခံအားကောင်းစေပြီး အဝမလွန်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ပြောချင်တာက နို့တိုက်မေမေတို့အနေနဲ့ နွားနို့သောက်ပေးတာက မေမေရောဘေဘီလေးအတွက်ပါ ကောင်းတယ်ဆိုတော့ တစ်နေ့ကို နွားနို့တစ်ခွက်လောက်တော့ သောက်ပေးလို့ရပါတယ်နော်။ ဒီတော့ နွားနို့ကြိုက်တဲ့ နို့တိုက်မေမေတို့ရေ နွားနို့လေးသောက်လို့ရပါတယ်၊လို့ သတင်းကောင်းပါးပါရစေနော်။

Ref : Hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top