သင်းပျံ့ မွှေးကြိုင်ပြီး လူတိုင်း ကြိုက်နှစ်သက်ကြတဲ့ စပယ်ပန်း

jesmine.gif

စပယ်ပန်းဟာ မြန်မာ့ရိုးရာ ပန်းတွေများထဲမှ တစ်ပန်း အပါအဝင် ဖြစ်ပါတယ်။ မွှေးပျံ့တဲ့ ရနံ့နဲ့ အဖြူရောင် ပုံသဏ္ဍန်ကတော့ စပယ်ပန်းကို လူတိုင်းကြိုက်နှစ်သက်ကြတဲ့ အကြောင်းပင် ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် တစ်ချို့က စပယ်ပန်းကို ဘုရားမှာ ကပ်လှူပူဇော်ကြတယ်၊ တစ်ချို့ကတော့ အိမ်ရဲ့ ဧည့်ခန်းတွေမှာ အသုံးပြုကြပါတယ်။

ဒါ့အပြင် အိမ်မှာလည်း စပယ်ပန်းပင်လေးတွေကို အလှသဘော စိုက်ထားနိုင်ပါတယ်။ အခြားပန်းတွေလိုတော့ မဟုတ်ပါဘူး။ စပယ်ပန်းပင်ကတော့ မြေနေရာ အနည်းငယ် ကျယ်ဖို့လိုပါတယ်။ ပန်းတွေပွင့်လာပြီ ဆိုရင် စပယ်ပန်းတွေရဲ့ အနံ့က အနီးအနား ပတ်ဝန်းကျင်ထိ သင်းပျံ့နေကာ လိပ်ပြာလေးတွေတောင် တဝဲလည်လည် ဖြစ်လို့ နေမှာပါ။

စပယ်ပန်းကတော့ စပယ်ကုံးလေးတွေ သီကာလည်း အသုံးပြုနိုင်တာ စပယ်ပန်းရဲ့ အားသာချက် တစ်ခုပါ။ အဆိုတော်တွေ သီချင်းဖွဲ့ဆိုကြတာလည်း စံပယ်ပန်းပေါ့။ ကဗျာဆရာတွေ ကဗျာစပ်ခြင်း ခံရတာလည်း စံပယ်ပန်းပါပဲ။ ဒီလိုအတွက်ကြောင့် မိမိအိမ်မှာ စပယ်ပန်းပင်လေးတွေ စိုက်ဖို့ မမေ့နဲ့နော်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top