စိတ်ဓာတ်ကျတဲ့ဒဏ်ကို ရုန်းကန်ရကြောင်းကို ဆလီနာ ဂိုမက်ဇ် ဖွင့်ထုတ်ပြခဲ့ဖူးတဲ့ အခိုက်အတန့် (၃) ခု

yyl-036-5.jpg

အဆိုတော်အလုပ်ရော သရုပ်ဆောင်အလုပ်ပါ လုပ်ကိုင်နေတဲ့ ဆလီနာ ဂိုမက်ခ်က အနုပညာအလုပ်တွေ ရပ်နားထားရကနေ အလုပ်တွေ ပြန်လည်လုပ်ကိုင်နေပါပြီ။ သူက သီချင်းအသစ်တွေ၊ အယ်လ်ဘမ်အသစ်လည်း ထွက်ရှိထားပြီး ပရိသတ်တွေ အထူးနှစ်ခြိုက်ခဲ့ကြပါတယ်။ သူက စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေကို အချိန်အကြာကြီး ခံစားခဲ့ရပြီး ကျော်လွှားခဲ့ရဖူးပါတယ်။ Dazed မဂ္ဂဇင်းရဲ့အင်တာဗျူးအတောအတွင်းမှာ သူက ဆိုရှယ်မီဒီယာကြောင့် သူမရဲ့ရုန်းကန်ခဲ့ရတဲ့အကြောင်းနဲ့ ဒါက လူငယ်တွေအပေါ် သက်ရောက်မှုရှိတဲ့အကြောင်းကို ထပ်ပြီးထုတ်ပြောပြခဲ့ပါတယ်။

ဆလီနာက အင်စတာဂရမ်မှာ ဒုတိယfollower အများဆုံးဆယ်လီဖြစ်တဲ့အတွက် စိတ်တည်ငြိမ်အေးချမ်းမှုကို ရှာနေတဲ့ဆိုတဲ့အကြောင်းကို ဖွင့်ဟခဲ့တာပါ။ “Rare သီချင်းအယ်လ်ဘမ်နဲ့ ပတ်သက်ပြီး ကောင်းတဲ့တုံ့ပြန်ချက်တွေရတာကို သိလိုက်ရတဲ့အတွက် ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ အာရုံမစိုက်လို့မရဘူး။ လုံခြုံမှုမရှိဘူး၊ ဘာမှမရှိဘူးလို့ ကျွန်မခံစားရတယ်” လို့ပြောပါတယ်။
ဆလီနာက စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာနဲ့ နောင်တတွေကို ရင်ဆိုင်ခဲ့ရကြောင်းကို ထုတ်ပြောပြတဲ့ အခိုက်အတန့်တွေရှိပါတယ်။ ဆလီနာရဲ့ပရိသတ်တွေ သိရှိရဖို့အတွက် မျှဝေပေးလိုက်ရပါတယ်။

(၁) ၂၀၁၆ခုနှစ် AMAs ဆုပေးပွဲမှာ speech ပြောခဲ့တဲ့အချိန်

ဆလီနာက သူ့ရဲ့ကျန်းမာရေးပြဿနာတွေကြောင့် ၂၀၁၆ခုနှစ်ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အစောကြီးအဆုံးသတ်ခဲ့ပြီးတဲ့နောက်မှာ American Music Awards ဆုပေးပွဲမှာ ပရိသတ်တွေရှေ့ ပြန်ပေါ်လာခဲ့ပါတယ်။ အဲဒီပွဲမှာ သူပြောခဲ့တဲ့စကားက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ရင်ဆိုင်နေရတယ်ဆိုတာ ရည်ညွှန်းခဲ့ပါတယ်။ “ကျွန်မ ဒါကိုကြိုက်လား မကြိုက်လားဆိုတာကို ပရိသတ်တွေတော်တော်များများက ကျွန်မရဲ့ဘဝနဲ့ ပတ်သက်ပြီး တော်တော်များများသိတဲ့အတွက် ပြောရတာ လုံခြုံတယ်လို့ ကျွန်မထင်တယ်။ ကျွန်မ ရပ်နားပစ်ခဲ့ရတယ်။ ကျွန်မမှာအရာများစွာကို ပိုင်ဆိုင်ခဲ့ပေမဲ့ အထဲမှာတော့ ကျွန်မ သေချာပေါက် အသည်းကွဲနေလို့ပါပဲ။ သင် အသည်းကွဲရင် အသည်းကွဲနေတဲ့ပုံစံကြီးမနေပါနဲ့” လို့ ပြောပါတယ်။

(၂) စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကုသနေကြောင်း ထုတ်ပြောပြခဲ့တဲ့အချိန်

၂၀၁၆ခုနှစ်မှာ ဆလီနာက (၃) လလောက်နေထိုင်ခဲ့တဲ့ တင်နက်ဆီပြည်နယ်မှာ ကုသမှုခံယူခဲ့ပါတယ်။ ၂၀၁ရခုနှစ် ဧပြီလထုတ် Vogueမဂ္ဂဇင်းမှာ “ဒါက ကျွန်မလုပ်ခဲ့မိတဲ့ အခက်အခဲဆုံးအရာတွေထဲကတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်မလုပ်ခဲ့မိတဲ့ အကောင်းဆုံးအရာဖြစ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲတွေက ကျွန်မအတွက် တကယ်ကို အထီးကျန်တဲ့နေရာပါ။ ကျွန်မ စိတ်ဓာတ်ကျခဲ့ရတယ်။ စိုးရိမ်ပူပန်ခဲ့ရတယ်။ ကျွန်မက မတော်ဘူး။ မစွမ်းဆောင်နိုင်ဘူးလို့ ခံစားခဲ့ရတယ်” လို့ ပြောခဲ့ပါတယ်။ တစ်ပတ်ကို (၅) ကြိမ်လောက် သူမရဲ့ ကုထုံးဆရာနဲ့ပြပြနေရပြီး စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်ဖို့၊ စိတ်တည်ငြိမ်ဖို့အတွက် ကုသမှုခံယူခဲ့ရတယ်လို့လည်း ပြောပါတယ်။

(၃) စိတ်ဓာတ်ကျတာက ဘယ်တော့မှအဆုံးသတ်လို့မရတဲ့စစ်ပွဲတစ်ခုဖြစ်တယ်လို့ နားလည်လိုက်တဲ့အခါ

၂၀၁၈ခုနှစ် Connecticut rehab facility Privé-Swiss မှာ နှစ်ပတ်တာ ဆေးကုသမှုခံယူပြီးတဲ့နောက် ဆလီနာက အင်တာဗျူးတစ်ခုကို ဖြေကြားခဲ့ပါတယ်။ ဆလီနာရဲ့အလုပ်ကိစ္စတွေနဲ့ စိတ်ပိုင်းဆိုင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေခဲ့ရပါတယ်။ သူ့ရဲ့စိတ်ဓာတ်ကျခြင်းက ဘယ်တော့မှ ပျောက်ကွယ်မသွားမဲ့ အရာဖြစ်တယ်လို့ ထုတ်ပြောပြခဲ့ပါတယ်။ “ကျွန်မရဲ့ကျန်းမာရေးကို ကောင်းအောင်လုပ်ရမှာပါ။ ကျွန်မ စိတ်ဓာတ်စရာ စိုးရိမ်ပူပန်စရာကိစ္စတော်တော်များများရှိခဲ့ပါတယ်။ ဒါက ကျွန်မ အမြဲတမ်းကျော်လွှားလို့ရမယ်လို့ ခံစားလို့ရတဲ့ အရာမဟုတ်ပါဘူး။ ကျွန်မ တစ်ဘဝလုံး ရင်ဆိုင်သွားရမဲ့စစ်ပွဲတစ်ခုလို့ ကျွန်မထင်တယ်။ ဒါနဲ့ ကျွန်မအဆင်ပြေပါတယ်။ အခြားအရာတွေထက် ကျွန်မကိုယ်ကျွန်မ ရွေးချယ်နေတယ်ဆိုတာ သိလို့ပါပဲ” လို့ ထုတ်ပြောပြခဲ့ပါတယ်။

ဆလီနာဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရှိတယ်ဆိုတာ သူပြောတဲ့စကားတွေ၊ ဆိုရှယ်မီဒီယာမှာသူတင်ခဲ့တဲ့စာသားတွေ မြင်ရင်ကိုပဲ ပရိသတ်တွေသတိထားမိပါတယ်နော်..။

Ref: 3 times Selena Gomez has opened up about her struggles with depression

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top