ဒါရိုက်တာဂျိမ်းစ် ဂန်ရဲ့ “Superman: Legacy” ဇာတ်ကားအသစ်မှာ စူပါမန်းအဖြစ် ပါဝင်မယ့် မင်းသား ဒေးဗစ် ကိုရမ်စဝက်တ်ရဲ့စူပါမန်းဝတ်စုံနဲ့ ပုံရိပ်အသစ် ထွက်ရှိလာခဲ့ပါတယ်။ ဒီပုံကို ဒါရိုက်တာဂျိမ်းစ်ဂန်က မေလ ၆ ရက်နေ့မှာ မျှဝေခဲ့တာပါ။ စူပါမန်းက ထိုင်ရင်း သူ့ရဲ့လည်ရှည်ဖိနပ်အနီရောင်ကို စီးနေတဲ့ပုံရိပ်ပါပဲ။ “အဆင်သင့်ဖြစ်ပါပြီ။ Superman 7.11.25” လို့လည်း စာရေးသားထားပါတယ်။
![](https://yoyarlay.com/wp-content/uploads/2024/05/7.5.24-yyl-2.jpg)
အရင် စူပါမန်းဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ဟင်နရီကာဗေးက စူပါမန်းမဟုတ်တော့ဘဲ စူပါမန်းအဖြစ် ဒေးဗစ် ကိုရမ်စဝက်တ်ပါဝင်တဲ့ ဒီဇာတ်ကားအသစ်က ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ စူပါမန်းနဲ့ချစ်ကြိုက်မယ့် သတင်းထောက် လူးဝစ်လိန်းအဖြစ် မင်းသမီး ရစ်ချယ် ဘရိုစနာဟန်လည်း ပါဝင်ထားပါတယ်။
Ref: David Corenswet featured as Superman in new image for upcoming James Gunn-directed film
WL (ရိုးရာလေး)