ZenFone 4 ရဲ့ Brand Ambassador ဖြစ်လာတဲ့ Gong Yoo

gy-2.jpg

Train to Busan ဇာတ်ကား ၊ Goblin ရုပ်ရှင်စီးရီး စတာတွေနဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားက နှုတ်ခမ်းနီမလေးများရဲ့ အသည်းကို ဆွဲကိုင်လှုပ်နိုင်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင် Gong Yoo ဟာ Asus ရဲ့  ZenFone 4 Series မှာ Brand Ambassador အဖြစ် တာဝန်ယူထားပါတယ်။

Gong Yoo ဟာ ပြီးခဲ့တဲ့ ဩဂုတ်လက စတင်လို့ အာရှ ပစိဖိတ်ဒေသအတွက် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရတာ ဖြစ်ပြီး  Asus ရဲ့ ZenFone 4 နဲ့ ဆိုင်တဲ့ နိုင်ငံတကာ စာနယ်ဇင်းရှင်းလင်းပွဲတွေ၊ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွေကို တက်ရောက်ခဲ့ရာမှာလည်း ပရိသတ်ထုကြီးရဲ့ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ZenFone 4 Series ကို လာမယ့် ဒီဇင်ဘာလအတွင်း ရရှိနိုင်မှာ ဖြစ်ပြီးတော့ ZenFone4 နဲ့ ဆက်စပ်နေတဲ့ ZenFone4 Selfie Pro ၊ ZenFone4 Selfie ၊ ZenFone4 Max Pro ၊ ZenFone4 Max တို့ကိုပါ တွဲဖက်ရောင်းချသွားမယ်လို့ သိထားရပါတယ်။  ဒီ ZenFone 4 Series သစ်ရဲ့ ထူးခြားချက်ကတော့ Dual Camera တွေ ပါလာတာပါလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့တော့ ဖုန်းအမျိုးအစားကို လိုက်လို့ မြန်မာငွေ ကျပ် ၂၃၈,၀၀၀ ကျပ်ကနေ မြန်မာငွေ ၆၅၈,၀၀၀ ကျပ် အထိ ရှိသွားမယ်လို့ သိရပါတယ်။
Gong Yoo ဟာ (The 1st Shop of ) Coffee Prince ၊ Goblin စတဲ့ ရုပ်ရှင်စီးရီးတွေ Silenced ၊ Train to Busan စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကျော်ကြားခဲ့သလို ကြော်ငြာပိုင်းမှာလည်း လုပ်ငန်းရှင်တွေနဲ့ ကုန်ပစ္စည်းပရိသတ်တွေ သဘောကျရတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ Louis Vuitton ၊ The Body Shop စတဲ့ Brand တွေရဲ့ Brand Model ၊ ကြော်ငြာသရုပ်ဆောင်အဖြစ်နဲ့လည်း ကိုယ်စားပြုပါဝင်ခဲ့ဖူးပါတယ်။
(Photos credit – SCMP )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top