တူရကီအင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁၃၀၀ ကျော် ရှိလာ

7.2.2023-image-1.jpg

People and emergency teams rescue a person on a stretcher from a collapsed building in Adana, Turkey, Monday, Feb. 6, 2023. A powerful quake has knocked down multiple buildings in southeast Turkey and Syria and many casualties are feared. (IHA agency via AP)

အရှေ့အလယ်ပိုင်း နိုင်ငံအများအပြား ခံစားခဲ့ရတဲ့ ပြင်းအား ၇.၈ မဂ္ဂနီကျူ့စ် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက် ၁၃၀၀ ကျော် ရှိလာခဲ့ပါပြီ။ တူရကီတစ်နိုင်ငံတည်းမှာ လူ ၉၁၂ ယောက် သေဆုံးခဲ့ပြီး ဆီးရီးယားနိုင်ငံမှာ သေဆုံးသူ ၄၇၀ ကျော် ရှိပါတယ်။

တူရကီ၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆိုက်ပရက်စ်၊ အစ္စရေးနိုင်ငံတွေမှာ နေထိုင်သူ သန်းပေါင်းများစွာ ငလျင်ဒဏ် ခံစားခဲ့ရပြီး တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံလုံးမှာ အဆောက်အအုံ ရာနဲ့ချီ ပြိုကျပျက်စီးခဲ့လို့ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ ကယ်တင်ရေး လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။

ဆီးရီးယား-တူရကီနယ်စပ်မှာရှိတဲ့ နာဒါဂီမြို့ရဲ့အရှေ့ဘက် ၁၄.၂ မိုင်အကွာမှာ မြေအောက်အနက် ၁၄.၉ မိုင်ကို ဗဟိုပြုပြီး နံနက်အစောပိုင်းအချိန်မှာ ပြင်းအား ၇.၈ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်ခဲ့တာပါ။ အဲဒီနောက် ထပ်ကျော့ငလျင်တွေ လှုပ်ခတ်ခဲ့ပြီး နေ့လယ် ၁ နာရီခွဲအချိန်မှာ မူလလှုပ်ခတ်ရာနေရာနဲ့ မိုင် ၈၀ ကွာဝေးတဲ့နေရာကို ဗဟိုပြုကာ ပြင်းအား ၇.၅ မဂ္ဂနီကျူ့စ်ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ ဒါကတော့ ထပ်ကျော့ငလျင်မဟုတ်ဘဲ သီးခြားလှုပ်ခတ်တဲ့ ငလျင်တစ်ခုဖြစ်တယ်လို့ အရာရှိတွေက ဆိုပါတယ်။

Ref: Turkey earthquake live update

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top