လူငယ်များအတွက် တေးဂီတပွဲတော်ကြီးကို ရန်ကုန်မြို့တွင် Huawei မှ ကျင်းပပြုလုပ်ပေးသွားမည်

1107-2.jpg

Huawei Device Myanmar မှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်များ ကြိုက်နှစ်သက်သည့် ခေတ်ပေါ်တေးသီချင်း အမျိုးအစားများစွာကို ခံစား နားဆင်စေနိုင်မည့် Huawei Music Festival အမည်ရှိ ဂီတဖျော်ဖြေပွဲကြီးအား ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်ရှိ Thuwannabumi Event Park တွင်၊ မတ်လ ၁၆ရက်နေ့ ၂၀၁၉ခုနှစ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ Huawei Music Festival တွင် Electronic, Pop, R&B နှင့် Rock ဂီတအမျိုးအစား အစုံအလင်ပါဝင်မည်ဖြစ်ပြီး၊ ခေတ်ရေစီးကြောင်းကို မျက်ခြေမပြတ် လိုက်ပါနေကြသည့် လူငယ်များအတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်း၌ပင် နိုင်ငံတကာဂီတပွဲတော် အတွေ့အကြုံကို ရရှိခံစားနိုင်စေမည်ဖြစ်သည်။

အဆိုပါ ပွဲတော်တွင် မတူညီသော တေးဂီတအမျိုးအစားများအား အလှည့်ကျ တင်ဆက်သွားမည်ဖြစ်ပြီး ပရိတ်သတ်အခိုင်အမာ ရရှိပြီးဖြစ်သည့် နာမည်ကြီးအဆိုတော်များ နှင့် Band များဖြစ်သည့် Big Bag၊ ရွှေထူး၊ ဖြိုးပြည့်စုံ၊ Ar-T, Idiot, Mary၊ ရဲလေး၊ ဝေလ၊ အောင်ထက်၊ ဖြူဖြူကျော်သိန်း နှင့် မိစန္ဒီ တို့ ပါဝင်မည်ဖြစ်သည်။

Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “ကျွန်မတို့ Huawei Consumer Business Group အနေနဲ့ တီထွင်ဖန်တီးမှုတွေ၊ နည်းပညာမြင့်မားတဲ့ ထုတ်ကုန်တွေနဲ့ ပိုမို လွယ်ကူအဆင်ပြေပြီး အချင်းချင်း လျင်မြန်စွာချိတ်ဆက်နိုင်တဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်လာအောင် ဖန်တီးပေးဖို့ ရည်ရွယ်လုပ်ဆောင်ပေးနေပါတယ်။ ဂီတဆိုတာကလည်း ကမ္ဘာပေါ်က လူအချင်းချင်း ချိတ်ဆက်ပေးတဲ့ ဘာသာစကားတစ်ခုဖြစ်ပြီး၊ မတူညီတဲ့ဘဝပုံစံတွေ၊ မတူညီတဲ့ ဂီတခံစားမှုတွေကို ပေါင်းစပ်ထိန်းညှိပေးနိုင်တဲ့ အလွန်ထူးခြားတဲ့ စွမ်းအင်တစ်ခု ဖြစ်ပါတယ်။

မြန်မာ consumer တွေအနေနဲ့ တေးသီချင်းတွေကို စိတ်ပျော်ရွှင်စေဖို့၊ ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့အတူ ခံစားစီးမျောဖို့ စိတ်တူကိုယ်တူ ဘော်ဒါသစ်တွေ ရရှိစေဖို့ နားဆင်ခံစားကြတယ်လို့ ကျွန်မတို့ နားလည်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ Huawei ကြိုက်နှစ်သက်သူတွေ သူငယ်ချင်းတွေနဲ့ အတူ ချိတ်ဆက်စီးမျောနိုင်စေဖို့ အခုလို Music Festival တစ်ခုကို ဖန်တီးရခြင်းဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

Huawei Device Myanmar အနေနှင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အတွင်း Huawei စမတ်ဖုန်း နှင့် တက်ဘလက် မည်သည့်အမျိုးအစားကိုမဆို ဝယ်ယူသည့် customer တိုင်းအား Huawei Music Festival လက်မှတ်အား ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ လက်မှတ်တစ်စောင်ဖြင့် လူနှစ်ဦး ဝင်ခွင့်ရရှိမည်ဖြစ်သည်။

ထို့အပြင် အထူးအစီအစဉ်အနေနှင့်လည်း winner တချို့ ရွေးချယ် မဲဖောက်ပေးပြီး ပွဲနေ့တွင် မိမိနှစ်သက်သည့် အနုပညာရှင်တို့ဖြင့် စင်နောက်တွင် မိတ်ဆက် တွေ့ဆုံခွင့် ရရှိစေမည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။ အဆိုပါ မဲစနစ်နှင့်အတူ အနိုင်ရရှိသည့် winner များကို Huawei Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top