အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ကျပ်သိန်း (၁၀၀၀) ကံထူးရှင်သစ် (၃) ဦးအား ထပ်မံရွေးချယ်ချီးမြှင့်ပြီး သုံးစွဲသူများ၏ ဘဝကို ကူညီပံ့ပိုး

luck3.webp

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်သစ် (၃) ဦးအား တရားဝင် ထုတ်ပြန်ကြေညာခဲ့။


စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်းပေါင်း (၁၂,၀၀၀) ပေးအပ်မည့် တစ်နှစ်တာ ‘ကံထူးရင်းကံမြူး’ အစီအစဉ်သည် အက်တမ်(ATOM) သုံးစွဲသူအားလုံးအတွက် ဘဝအပြောင်းအလဲ ဖြစ်စေမည့် အတွေ့အကြုံ ကောင်းများနှင့် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထား။


အက်တမ်(ATOM) သည် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရုံသာမက သုံးစွဲသူဗဟိုပြု၍ ဆန်းသစ်တီထွင်သော အတွေ့အကြုံကောင်းများကိုပါ ပေးအပ်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ။


မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိသည့် ‘ကံထူးရင်းကံမြူး’ အစီအစဉ်၏ ဒုတိယသုံးလပတ် ကံထူးရှင် (၃) ဦးကို တရားဝင် ရွေးချယ် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် Sule Square ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပခဲ့ပြီး ကံထူးရှင်များမှ ယခုရရှိသော ဆုကြီးသည် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုလူနေမှု ဘဝအပေါ် မည်ကဲ့သို့ အပြုသဘောဆောင်သည့် ပြောင်းလဲမှုကောင်းများ သယ်ဆောင်လာကြောင်း ကျေးဇူးတင်စကားနဲ့အတူ မျှဝေပြောကြားခဲ့ကြသည်။ ယခုအကြိမ် မဲနှိုက်ရွေးချယ်မှုနှင့်အတူ အက်တမ်(ATOM) အနေဖြင့် ပထမနှစ်ဝက်ကာလအတွင်း၌  ကျပ်သိန်း (၁,၀၀၀) ကံထူးရှင် စုစုပေါင်း (၆) ဦးအထိ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသော ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်သည် သုံးစွဲသူများ၏ ယုံကြည်အားပေးမှုကို အသိအမှတ်ပြုရန်၊ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ဖန်တီးပေးရန်နှင့် နေ့စဉ် အက်တမ်(ATOM) ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှတစ်ဆင့် ထပ်ဆောင်း ဆုလာဘ်များကို ပိုင်ဆိုင်ကာ ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။



၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပြုလုပ်သွားမည့် ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်တွင် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်းပေါင်း (၁၂,၀၀၀) အထိ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ဧပြီလမှ ဇွန်လအထိ ကမ်ပိန်းကာလအတွင်း ပါဝင်ခဲ့သော ကံစမ်းမဲလက်မှတ်များအနက် မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်မှ ကိုးတန်းကျောင်းသား ကိုခိုင်ခန့်ကျော်၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှ ကွမ်းသီးအရောင်းအဝယ် ပြုလုပ်သူ ဦးမောင်ဌေး နှင့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ အရောင်းဝန်ထမ်း မဝင်းစန္ဒာ တို့သည် ကျပ်သိန်း  (၁,၀၀၀) စီ အသီးသီးရရှိကာ အထူးဆုရှင် (၃) ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။  အဆိုပါ အထူးဆုကြီးများအပြင် အခြားသော သုံးစွဲသူ ရာပေါင်းများစွာကိုလည်း ဖုန်းငွေဖြည့်ကတ်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပါဝင်ကံစမ်းသူများအတွက် ပိုမိုစိတ်လှုပ်ရှားစရာ အစီအစဉ်တစ်ခုအဖြစ် ဖန်တီးပေးနိုင်ခဲ့သည်။


“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝကို တကယ်တမ်း ပြောင်းလဲတိုးတက်စေမယ့် အခွင့်အလမ်း ကောင်းတွေကို ဖန်တီးပေးပြီး မြန်မာပြည်သူတွေရဲ့ ဘဝကို ပိုမိုအနှစ်သာရရှိအောင် မြှင့်တင်ပေးဖို့ ကတိပြု ထားပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ်  Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “‘ကံထူးရင်းကံမြူး’ အစီအစဉ်ဟာ ဆုလက်ဆောင်ပေးအပ်တဲ့ အစီအစဉ်တစ်ခုသာမကဘဲ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးဖို့၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖန်တီးပေးဖို့နဲ့ အခွင့်အလမ်းသစ်တွေကို ဖော်ဆောင်ပေးဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပါဝင်တဲ့ ကံစမ်းမဲတစ်စောင်ချင်းစီတိုင်းဟာ သုံးစွဲသူတွေက အက်တမ်(ATOM) အပေါ် ထားရှိတဲ့ ယုံကြည်မှုကို ဖော်ပြနေတာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ‘ပိုမိုကောင်းမွန်သော လူနေမှုဘဝ’ ကို ပေးအပ်ရန်ဆိုတဲ့ ကတိကဝတ်ကို တည်တံ့စေဖို့နဲ့ နေ့စဉ်အသုံးပြုတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ကတစ်ဆင့် ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုတွေကို ဆက်လက် ဖန်တီးပေးနိုင်ဖို့ကျွန်တော်တို့ကို တွန်းအားဖြစ်စေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။  

ဇူလိုင်လလယ် မှစတင်၍ အက်တမ်(ATOM) သည် သုံးစွဲသူများအတွက် ပိုမိုမြန်ဆန်၊ ချောမွေ့ပြီး ပွင့်လင်း မြင်သာမှုရှိသော အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ နေ့စဉ်သုံးဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသည်နှင့်တစ်ပြိုင်နက် ကံစမ်းမဲလက်မှတ်များကို ချက်ချင်းရရှိနိုင်မည့်စနစ်ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် အက်တမ်(ATOM) ၏ first-to-market ဖြစ်သည့် ‘Angel Hour’ အစီအစဉ်မှတစ်ဆင့် နေ့တစ်နေ့၏ သတ်မှတ်ထားသော အချိန်အပိုင်းအခြားများတွင် ဝန်ဆောင်မှုရယူပါက ကံစမ်းခွင့်လက်မှတ် နှစ်ဆအထိ ပေးအပ်ပြီး ပိုမိုကံထူးနိုင်မည့် အခွင့်အရေးများကို ဆက်လက်ဖန်တီးပေးထားသည်။


အက်တမ်(ATOM) ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာအရာရှိချုပ် Mr. Ahsan Syed မှ လည်း “တစ်နိုင်ငံလုံးက သုံးစွဲသူတွေရဲ့ အားပေးမှုက တကယ့်ကို အားရကျေနပ်စရာ ကောင်းပါတယ်။ ဒီ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်နဲ့ သုံးစွဲသူတွေအကြား ပိုမိုခိုင်မာတဲ့ ဆက်နွှယ်မှုတွေ တည်ဆောက်ဖို့အတွက် ဖော်ဆောင်ထားခြင်း ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာ ဆန်းသစ်တီထွင်မှုတွေ ကတစ်ဆင့် သုံးစွဲသူတွေ အနေနဲ့ channel မျိုးစုံကနေ ရိုးရှင်းလွယ်ကူစွာ ပါဝင်ကံစမ်းနိုင်အောင် စနစ်တကျ ပြုလုပ်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တိုင်းကို သုံးစွဲသူတွေရဲ့ လိုအပ်ချက်ပေါ်အခြေခံပြီး ပုံဖော်ထားတာဖြစ်လို့ နောင်မှာ လည်း ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတွေ၊ အဆင်ပြေချောမွေ့မှုတွေနဲ့ ဘဝကို ပြောင်းလဲစေမယ့် အခိုက်အတန့် တွေကို ပေးစွမ်းနိုင်ဖို့ ဆန်းသစ်တဲ့ အတွေ့အကြုံတွေကို ဆက်လက် မိတ်ဆက်ပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။


အက်တမ်(ATOM) အနေဖြင့် စနစ်တကျ စိစစ်မှုများနှင့် အများပြည်သူရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိသော ကံထူးရှင်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို အသေအချာ ပြုလုပ်ပေးလျက် ရှိသည်။ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ကြီးကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အထိ ဆက်လက်ပြုလုပ် သွားမည် ဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် ကံထူးနိုင်မည့် အခွင့်အလမ်းများကို အရယူနိုင်ရန် ဆက်လက်ပါဝင်ကံစမ်းကြဖို့ တိုက်တွန်းအပ်ပါသည်။ ‘ကံထူးရင်းကံမြူး’ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အက်တမ်(ATOM) ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော https://www.atom.com.mm/terms-mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top