အကြောင်းပြချက် ၁။ ။ ချမ်းသာချင်တဲ့ စိတ် ပြင်းပြင်း ပြပြမရှိသေးလို့ပါ။
လူတစ်ယောက် အတွက် စိတ်ဆိုတာ အရေးကြီးပါတယ်။ “စိတ်သာ မပါ ဘာလုပ်လုပ် ဘယ်တော့မှ မအောင်မြင်” ။ အဲဒီတော့ ချမ်းသာချင်တယ်ဆိုရင် ချမ်းသာလိုတဲ့ စိတ်တစ်ခုတည်းသာ ပြင်းပြင်းပြပြရှိပါစေ ချမ်းသာလာပါလိမ့်မယ်။
အကြောင်းပြချက် ၂ ။ ။ လုံ့လ ဝီရိယ မရှိခြင်း။
ချမ်းသာတော့ ချမ်းသာ ချင်ပါရဲ့ သူများ လုပ်သလောက် လုပ်နေရုံနဲ့ မရဘူး။ ပိုလုပ်ရမယ်။ သူများက ၅ နာရီ အလုပ်လုပ်ရင် ကိုယ်က ၇ နာရီ ၈ နာရီ လုပ်ရမယ်။ အချိန်တိုင်း ပျင်းနေလို့ မရဘူး လုံ့လ ဝီရိယ ရှိနေရမယ်။ တက်ကြွနေရမယ်။ အလုပ်လုပ်ချင်စိတ် အပြည့်ရှိနေရမယ်။ အလုပ်မှာ ပျော်ရမယ်။
အကြောင်းပြချက် ၃ ။ ။ ငွေကို ရင်းနှီးမြုပ်နှံ့ တတ်ရမယ်။
လူတစ်ချို့က ငွေရလာရင် စုကြတယ်။ သုံးကြတယ်။ အဲလောက်နဲ့ မရဘူး။ ရတဲ့ ငွေကို ပိုပွားအောင် ရင်းနှီးမြုပ်နှံတတ်ရမယ်။ ရင်းနှီးမြုပ်မူကလည်း မှန်ကန်ရလိမ့်မယ်။ ဒီအကြောင်းပြချက်ကလည်း ချမ်းသာချင်သူအတွက် အရေးကြီးတဲ့ တစ်ချက်ပါ။
အကြောင်းပြချက် ၄ ။ ။ သမာအာဇီဝ ကြတဲ့ အလုပ်ဖြစ်ဖို့လိုအပ်တယ်။
သမာအာဇီဝ မကျတဲ့ ချမ်းသာမူဟာ ခဏပါပဲ မတည်မြဲဘူး။ ဒါကြောင့် ချမ်းသာလိုသူများဟာ သမာအာဇီဝ ကြတဲ့ အလုပ်ကို ရွေးချယ်လုပ်ပါ။ သူများလုပ်တဲ့ အလုပ်ကို Copy ကူးမလုပ်ပါနဲ့။ သူများနဲ့ မတူညီတဲ့ အလုပ်နဲ့ မတူညီတဲ့ အတွေးအခေါနဲ့ အလုပ်လုပ်ကြည့်ပါ။ ချမ်းသာဖို့ မြန်ဆန်ပါလိမ့်မယ်။
စာရေးသူ၏ မှတ်ချက်။ ။ လောကမှာ ချမ်းသာကြတဲ့ သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ တစ်ချို့က ပေးဆပ်မူ နည်းနည်းနဲ့ ချမ်းသာ ကြပေမယ့် တစ်ချို့က ပေးဆပ်မူ များပြီးမှ ချမ်းသာကြတာတွေလည်း ရှိပါတယ်။