ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

19250794_1470985262944721_2633779879710397492_o-e1564651736896.jpg

မနက်ဖြန်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော် နေ့ကလေး ဖြစ်ပါတယ်။ ဒီ ဝါဆို လပြည့်နေ့ နေဝင်လထွက်ချိန်မှာ မြတ်စွာဘုရားဟာ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ပဥ္ဒဝဂ္ဂီ ငါးပါးကို တရားဦးဟောကြားတော်မူခဲ့တာပါ။

ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် (၈)ချက်ကတော့

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ နေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ ရိုးရာလေးမိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား ။ ။ မာဂဓီ (သာစည်) – အခါတော် နေ့များ

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top