မြို့ပြတွေမှာ ခေတ်စားလာတဲ့ Home Delivery Services

Home-Delivery.jpg

“Delivery ရှိလား၊ Delivery charge ဘယ်လောက်လဲ” ဒီလို စာသားတွေ ကို Facebook ပေါ်က အစားအသောက် ဒါမှမဟုတ် လူ့အသုံးအဆောင် ပစ္စည်း ပေ့ခ်ျတွေမှာ အမေး များလာတာကို သတိထားမိကြမယ် ထင်ပါတယ်။ လူမှုအဖွဲ့အစည်းဘက်က ကြည့်မယ်ဆိုရင် လူတွေ နေ့စဉ် ရက်ဆက် အလုပ်တွေရှုပ်၊ အားလပ်ချိန်တွေ သိပ်ပြီး နည်းပါးလာတဲ့ အတွက် အိမ်အရောက် လာပို့ပေးတဲ့ အခုလို Home Delivery Services တွေက ပိုပြီး ခေတ်စားလာတာလည်း ဖြစ်နိုင်ပါတယ်။

အွန်လိုင်းက တစ်ဆင့် ဒါမှ မဟုတ် တယ်လီဖုန်းကနေ တစ်ဆင့် ကိုယ်မှာယူ၊ ဝယ်ယူလိုက်တဲ့ ပစ္စည်း၊ စားစရာ တွေကို အိမ်အရောက်လာပို့ပေးပြီး မြို့နယ်အလိုက် ပို့ခကတော့ ကွာခြား သွားတာပါ။ အထူးသဖြင့် အွန်လိုင်းကနေ အစားအသောက်ပေ့ခ်ျတွေနဲ့ လူ့အသုံးအဆောင် ရောင်းချတဲ့ ပေ့ခ်ျတွေက ဒီလို ဝန်ဆောင်မှုတွေကို ချိတ်ဆက်ပြီး လုပ်ဆောင် နေကြတာကို တွေ့ရပါတယ်။

စားသုံးသူတွေ အနေနဲ့လည်း ကိုယ်လိုအပ်တဲ့ ပစ္စည်းတွေကို တကူးတက သွားယူစရာမလိုဘဲ အိမ်အရောက် ရရှိနိုင်သလို ရောင်းချ သူတွေဖက်ကလည်း ပိုပြီး တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်တာမို့ အခုလက်ရှိ မြန်မာနိုင်ငံမှာတော့ ဒါက ရောင်းသူ ဝယ်သူ အဆင်ပြေနေတဲ့ နည်းလမ်းတစ်ခုလို့ ဆိုရမှာပါပဲ။

အခုဆိုရင် စာအုပ်တွေအထိ Delivery ပို့ပေးနေတဲ့ services တွေ၊ ကိုယ်စားချင်တဲ့ စားစရာတွေက အစ ဝယ်ယူပေးပြီး အိမ်အထိ လာရောက် ပို့ဆောင် ပေးတာတွေတောင် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ ခက်ခဲ ပင်ပန်းလာတဲ့ လူ့အဖွဲ့အစည်းရဲ့ နေထိုင် ရပ်တည်မှုမှာ အနည်းငယ် ပို သက်သာချောမွေ့တဲ့ နေထိုင်မှုစနစ်ကို Delivery Fees (ပို့ဆောင်ပေးခ) အဖြစ် ကိုယ် အသုံးပြုလိုက်တဲ့ ငွေကြေးကနေ တစ်ဆင့် ရရှိလာနိုင်တာ ပဲ ဖြစ်ပါတယ်။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top