ကွယ်လွန်သူ ချစ်သူကို ထွေးပွေ့ထားတဲ့ ခင်ပွန်း သားပိုက်ကောင်

deas.jpg

ဩစတေးလျနိုင်ငံအရှေ့ပိုင်း Queensland ပြည်နယ် ရှိ River Heads လို့ အမည်ရတဲ့ မြို့မှာ ဖြစ်ပါတယ်။

ဩစတေးလျမှာ သားပိုက်ကောင်ဟာ အများဆုံး ပေါက်ဖွားပြီး ယင်း ပင်လယ်ကမ်းခြေဒေသမှာလည်း နေထိုင်ကျက်စားမှုများ ပါတယ်။ တစ်ခါတစ်ရံ မြို့ပေါ် တက်လာတတ်ပြီး ယခုလို လမ်းတွေပေါ်၊ ပန်းခြံတွေမှာ မြင်တွေ့ရ တတ်ပါတယ်။

ယခုပုံမှာ မြင်တွေ့ရတာကတော့ ကွယ်လွန်သူ သားပိုက်ကောင်အမကို ခင်ပွန်းသားပိုက်ကောင်မှ ထွေးပွေ့ထားခြင်း ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့သူရဲ့ ဖော်ပြချက်အရ သားပိုက်ကောင် အမဟာ လမ်းပျောက်သွားတဲ့ သားပိုက်ကောင် ငယ်လေး (သားလေး) ကို ရှာဖွေရင်း ပန်းခြံမှာ လဲကျသေဆုံးခြင်း ဖြစ်ပါတယ်။ သားပိုက်ကောင် ကလေးငယ်လေးကတော့ ဘာမှ မသိတဲ့ ပုံစံနဲ့ ထူးဆန်းစွာရပ်နေပြီး သားပိုက်ကောင် အမေကို လက်သည်းနဲ့ တို့ခြင်း၊ သူ့စို့နေကျနို့စို့ဖို့ ထွေးပွေ့ရင်းတို့လုပ်ပါတယ်။ အဖေဖြစ်တဲ့ သားပိုက်ကောင်ကတော့ ဇနီးဖြစ်သူ အသက်ရှင်လို့ ရှင်ငြား ထွေးပွေ့ လှုပ်ကြည့်ပါတယ်။

နောက်တော့ အသက်မရှိဘူးဆိုတာကို သိရှိလိုက်ပြီး ဝမ်းနည်းတဲ့ မျက်နှာနဲ့ ငေးကြည့်ပါတယ်။ ဓာတ်ပုံဆရာရိုက်နေတာကိုလည်း မြင်ပြီး နာရီအတော်ကြာနေပြီးမှ သားအဖ နှစ်ကောင် လှည့်ထွက်သွားပါတယ်။ သားပိုက်ကောင်မှာလည်း မိသားစုဘဝရှိသလို အချစ်မေတ္တာများနဲ့ ထုံးဖွဲ့ထားကြကြောင်းကို ဓာတ်ပုံက သက်သေပြခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top