တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi က Redmi ကားတွေ ထုတ်လုပ်ရောင်းချမယ့်အကြောင်းကို တရုတ်လူမှုကွန်ရက် Weibo မှာ ကြေညာထားတာကြောင့် ရှောင်းမီပရိသတ်တွေ ပျော်နေကြမှာတော့ အသေအချာပါပဲ။

ဒီကားကို ဧပြီ (၃) ရက်နေ့က တရားဝင်ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး စမတ်ဖုန်းကုမ္ပဏီတစ်ခုဆိုတာထက် ကျော်လွန်ပြီး ထုတ်ကုန်တွေတိုးချဲ့သွားလိုနေတဲ့ သူတို့ရဲ့စိတ်ကူးကို စတင်ပြီး အကောင်အထည်ဖော်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။


အမျိုးအစား (၆) မျိုးနဲ့ ရနိုင်မှာဖြစ်ပြီး တန်ဖိုးအားဖြင့် ယွမ် ၁၃၄၀၀၀ (အမေရိကန်ဒေါ်လာ ၁၉၉၈၀) ကျသင့်မှာဖြစ်
Bestune နဲ့ ပူးပေါင်းထုတ်လုပ်တဲ့ T77 SUV ဒီဇိုင်း ဒီ Redmi ကားကို အမျိုးအစား (၆) မျိုးနဲ့ ရနိုင်မှာဖြစ်ပြီး တန်ဖိုးအားဖြင့် ယွမ် ၁၃၄၀၀၀ (အမေရိကန်ဒေါ်လာ ၁၉၉၈၀) ကျသင့်မှာဖြစ်ပါတယ်။ နိုင်ငံအလိုက် ငွေတန်ဖိုးကွာဟချက်အရတော့ ဈေးနှုန်းက ကွာခြားနိုင်ပါတယ်။
Ref: Digitalalphabet “Xiaomi Launched Its Own Xiaomi Redmi Car”
TH (ရိုးရာလေး)

