မေဝယ်သာနဲ့ စိတ်မကျေပွဲ ပြန်ထိုးဖို့ မက်ဂရီဂေါ် စိန်ခေါ်

62202251_2410845662279673_7656986894089060352_n.jpg

မက်ဂရီဂေါ်ဟာ သိုင်းပေါင်းစုံကစားနည်း(MMA)ကနေ အနားယူသွားပြီလို့ ကြေညာခဲ့ပေမဲ့ ရှုံးပွဲမရှိ လက်ဝှေ့သမား မေဝယ်သာနဲ့ စိတ်မကျေပွဲ ပြန်ထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရုရှားကိုယ်ခံပညာရှင် နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် MMA ကစားသမားအဖြစ်ကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်း လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဂျိုရှုအာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့တဲ့ မက်ဂရီဂေါ်ဟာ ပွဲအပြီးမှာ မေဝယ်သာကို တစ်ကျော့ပြန် စိန်ခေါ်ခဲ့တာပါ။ ”လက်ဝှေ့ထိုးရတာ ကြိုက်တယ်။ ကျွန်တော် နောက်တစ်ပွဲလောက် ထိုးချင်သေးတယ်။ မေဝယ်သာကို စိတ်မကျေပွဲ ပြန်ထိုးဖို့ ကျွန်တော် စိန်ခေါ်ပါတယ်။ ကျွန်တော့်ကလပ်ဟောင်းမှာ လေ့ကျင့်နေပါတယ်။ တွေ့ကြသေးတာပေါ့ ကိုယ့်လူရေ”လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top