သူစိမ်းတွေရဲ့အကူအညီကြောင့် ဆေးကုစရိတ်ကြွေးကျန်ဆပ်နိုင်ပြီး အလုပ်ကနေ အငြိမ်းစားယူခွင့်ရခဲ့တဲ့ ၈၂ နှစ်အရွယ် အဘွားအို

22-12-2022-yyl-96.jpg

ဆေးကုစရိတ် ကြွေးကျန်ပေးဖို့ အသက် ၈၂ နှစ်အရွယ်အထိ အလုပ်လုပ်နေရတဲ့ အဘွားအိုဟာ သူစိမ်းတွေရဲ့ အကူအညီပေးမှုကြောင့် အငြိမ်းစားယူခွင့် ရရှိသွားပါပြီ။ အရီဇိုးနားပြည်နယ်က Walmart စတိုးဆိုင်မှာ ဈေးဝယ်တွန်းလှည်းထဲ တောင်ဝှေးထည့်ပြီး အဘွားအို ကာမန်ကယ်လီ အလုပ်လုပ်နေတာကို အဲလိစဘတ်ရစ်ဇိုက သတိထားမိသွားပြီး အကျိုးအကြောင်း မေးမြန်းခဲ့တာပါ။


” ဒီအမေအိုကြီး အလုပ်လုပ်နေတာ မြင်လိုက်ရတော့ ကျွန်မ ရင်ထဲမကောင်းဘူး။ Walmart စတိုးဆိုင်က တခြားဝန်ထမ်းတွေနဲ့ စကားပြောကြည့်တော့ အလုပ်ချိန်အတွင်း ဝန်ထမ်းတွေ ထိုင်နေခွင့်မရှိတဲ့ စည်းမျဉ်းကို သိလိုက်ရတယ်” လို့ အဲလိစဘတ်ရစ်ဇိုက ပြောပါတယ်။

အဲဒီနောက်မှာတော့ အဘွားအို ကာမန်ကယ်လီက ဆေးကုစရိတ် ကြွေးကျန် ဒေါ်လာ ၁၀၀၀၀ ပေးဖို့ အလုပ်လုပ်နေရတာကို ရစ်ဇို သိသွားခဲ့တာပါ။ ရစ်ဇိုက အဘွားအို ကယ်လီရဲ့ ဗီဒီယိုကို TikTok ပေါ် တင်ခဲ့ရာမှာ ကြည့်ရှုမှု အကြိမ်ရေ ၁၅ သန်းအထိ ပျံ့နှံ့သွားခဲ့ပြီး ကယ်လီအတွက် GoFundMe ကနေ ရန်ပုံငွေ ကောက်ခံရာမှာ ဒေါ်လာ ၁၃၀၀၀၀ ကျော် ရရှိခဲ့ပါတယ်။

” ရစ်ဇိုက ကျွန်မဘဝတစ်ခုလုံးကို ပြောင်းလဲပေးခဲ့တာပါ။ ဘုရားသခင်က သူ့ကို ကျွန်မဆီ လွှတ်ပေးလိုက်တယ်လို့ ခံစားရပါတယ်” လို့ ကယ်လီက ပြောပါတယ်။ ရစ်ဇိုကတော့ လူတစ်ဦးနဲ့တစ်ဦးကြား အကြင်နာမေတ္တာထားပြီး အပြန်အလှန် ဖေးကူစောင့်ရှောက်ကြဖို့ လိုအပ်တယ်လို့ ယုံကြည်ထားသူပါ။

Ref: Stranger Raises $130K To Help 82-Year-Old Walmart Worker Pay Off Medical Debt

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top