ဦးရေပြားချွေးထွက်များရခြင်းအကြောင်းအရင်းနဲ့ ကုသနည်း

25-2-2021-yyl44.jpg

ချွေးထွက်တာက အသက်အရွယ်မရွေးကြုံတွေ့ရတဲ့ သာမန်ကိစ္စပါပဲ။ အရမ်းပူအိုက်တဲ့အခါ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်မှာ ချွေးထွက်လာရပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို လှည့်ပတ်နိုင်ဖို့အကူအညီပေးတာက ခန္ဓာကိုယ်လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ချွေးအဆက်မပြတ်ထွက်လာတဲ့အခါမှာတော့ နည်းနည်းသတိထားဖို့ လိုအပ်လာပါတယ်။

ချွေးထွက်လွန်တာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ တချို့အခြေအနေမှာ သာမန်ခန္ဓာကိုယ်အပူချိန်ကို ထိန်းဖို့အတွက် လိုအပ်တာထက်ပိုပြီး ချွေးထွက်လာရပါတယ်။ ချွေးထွက်လွန်တာက အမျိုးအစား (၂) မျိုးရှိပါတယ်။ ကျန်းမာရေးအခြေအနေ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း၊ အပူချိန်မြင့်တက်လာတာတွေကြောင့် ဖြစ်တာမဟုတ်တဲ့ လူတွေကြားမှာ အဖြစ်များတဲ့ Primary hyperhidrosis နဲ့ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ ကင်ဆာ၊ ဆီးချိုရောဂါ၊ သွေးဆုံးကိုင်တာလို ကျန်းမာရေးအခြေအနေကြောင့်ဖြစ်တဲ့ Secondary hyperhidrosis တို့ပါပဲ။

ဦးရေပြားမှာ ချွေးထွက်များတာကလည်း အတော်လေးပြဿနာရှိပါတယ်။ ဆံပင်ခြောက်သွေ့တာ၊ ဗောက်ထတာ၊ ယားယံတာအပြင် ဦးရေပြားမှာ အရမ်းအဆီပြန်တာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဦးရေပြားမှာ ချွေးထွက်လွန်တာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းတချို့ကတော့

  • ပူအိုက်ခြင်း
  • ဒေါသထွက်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း
  • ဟော်မုန်း
  • စပ်တဲ့အစားအစာ
  • သောက်သုံးတဲ့ဆေးဝါး
  • အဆက်မပြတ်Workout လုပ်ခြင်းတို့ဖြစ်ပါတယ်။

ဘယ်လိုကုသမလဲ

  • ဦးရေပြားချွေးထွက်လွန်တာကြောင့်ဖြစ်တဲ့ ပျက်စီးမှုက အများကြီးပါပဲ။ ဒါပေမဲ့ အချိန်မီကုသကာကွယ်ဖို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။
  • ချွေးထွက်လွန်တာက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုရဲ့ရလဒ်ကြောင့်လည်းဖြစ်တဲ့အတွက် စိတ်ဖီစီးမှုမဖြစ်အောင် ထိန်းသိမ်းတာ၊ လျော့ချတာတွေလုပ်ဖို့ အရေးကြီးပါတယ်။ စိတ်ဖိစီးမှုလျော့ချဖို့အတွက် ယောဂကျင့်တာ၊ တရားထိုင်တာတွေပြုလုပ်ပေးနိုင်ပါတယ်။
  • သင့်ဆံသားမှာ ပန်းသီးအရက်ဗင်နီဂါကို လိမ်းပေးလို့ရပါတယ်။ ဦးရေပြားမှာ pH ပမာဏထိန်းပေးနိုင်ဖို့အတွက်ပါ။ အဲဒါက ချွေးထွက်လွန်တာကိုလည်း ထိန်းပေးနိုင်ပါတယ်။
  • ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်တဲ့ အဝတ်အစားဝတ်ဆင်တာကလည်း ချွေးထွက်ခြင်းကို လျော့ချပေးနိုင်ပါတယ်။
  • ရေများများသောက်တာကလည်း ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးနိုင်တဲ့ သော့ချက်ပါပဲ။ ဒါကလည်း ချွေးထွက်လွန်တာကနေ သင့်ကို ကာကွယ်ပေးနိုင်ပြီး အချိန်အကြာကြီး ရေဓာတ်ပြည့်ဝစေမှာလည်းဖြစ်ပါတယ်။
  • ဆံပင်ကို မကြာခဏ ခေါင်းလျှော်ပေးဖို့ မမေ့ပါနဲ့။ အထူးသဖြင့် ပူအိုက်တဲ့နွေရာသီအချိန်အခါမှာ။ အဲဒီအချိန်အတောအတွင်းမှာ ဦးရေပြားက ချွေးပိုထွက်တဲ့အတွက် ဦးရေပြားနဲ့ ဆက်စပ်တဲ့ပြဿနာတွေပိုဖြစ်လာနိုင်ပါတယ်။

Ref: What does excessive scalp sweating mean? Here’s what you can do to treat it


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top