စိတ်ပျက်အားငယ်ခြင်းကြောင့် သေဆုံးသူဦးရေ မြင့်တတ်လာ

des1.jpg

နိုဘယ်လ်ဆုရ စီးပွားရေး ပညာရှင် အန်ဂွတ် ဒီတန် (Angus Deaton) က အင်္ဂလန်နိုင်ငံမှာ စိတ်ပျက်အားငယ်ခြင်းကြောင့် လူ သေဆုံးမှု မြင့်တတ်လာကြောင်း၊ ကိုယ့်ကိုကိုယ်သတ်သေခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း နဲ့ အရက်စွဲခြင်းကြောင့် သေဆုံးသူ သက်လတ်ပိုင်းအရွယ်ဟာ နှလုံးရောဂါကြောင့် သေဆုံးသူထက် ပိုများကြောင်းဖော်ပြထားပါတယ်။ အန်ဂွတ်က အင်္ဂလန်နိုင်ငံမှာ မူးယစ်ဆေးသုံးစွဲမှုဟာ စိုးရိမ်အဆင့် ရောက်နေကြောင်း ထောက်ပြထားပါတယ်။

စီးပွားရေးပညာရှင် အန်ဂွတ်က သူ့ဇနီး အန် ကေးစ် (Anne Case) နဲ့ အတူ “စိတ်ပျက်အားငယ်ခြင်းကြောင့် သေဆုံးမှု” ကို ပထမဆုံး ရှာတွေ့ခဲ့ပါတယ်။ “စိတ်ပျက်အားငယ်ခြင်းကြောင့် သေဆုံးမှု” ဆိုတာ ကိုယ့်ကိုကိုယ်သတ်သေခြင်း၊ အရက်နဲ့ပတ်သက်ပြီး ဖျားနာခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းတို့ကြောင့် သေဆုံးတာကို ဆိုလိုပါတယ်။ အန်ဂွတ်ဟာ အင်္ဂလန်မှာ စိတ်ပျက်အားငယ်ခြင်းကြောင့် သေဆုံးသူအရေအတွက်ကို လေ့လာခဲ့ရာမှာ မယုံနိုင်စရာရလဒ်ကို ရှာတွေ့သွားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံမှာ အသက် (၄၅) နှင့် (၅၄) အရွယ်ကြားက စိတ်ပျက်အားငယ်ခြင်းကြောင့် သေဆုံးသူ အရေ အတွက်က လွန်ခဲ့တဲ့ (၁၉၉၃) ခုနှစ်မှာ လူပေါင်း (၁) သိန်းထဲက အယောက် (၂၀) သာ ဖြစ်ပေမယ့်လည်း (၂၀၁၇) ခုနှစ် မှာတော့ လူပေါင်း (၁) သိန်းထဲက (၄၃) ယောက် သေဆုံးကြတယ်လို့ အန်ဂွတ်က ပြောခဲ့ပါတယ်။ ဒီစာရင်းဟာ (၂၀၁၇) ခုနှစ်က အင်္ဂလန်နိုင်ငံမှာ နှလုံးရောဂါကြောင့် သေဆုံးသူ အရေအတွက်ထက် ပိုများလျက် ရှိပါတယ်။

အင်္ဂလန်နိုင်ငံမှာ (၂၀၁၇) ခုနှစ်က နှလုံးရောဂါကြောင့် လူပေါင်း (၁) သိန်းထဲက အယောက် (၄၀) သာ သေဆုံးခဲ့ပါတယ်။ ကင်ဆာရောဂါကြောင့် သေဆုံးသူအရေအတွက်ကသာ စိတ်ပျက်ခြင်းကြောင့် သေဆုံးသူဦးရေထက် ပိုများတာပါ။ (၂၀၁၇) ခုနှစ်က အင်္ဂလန်နိုင်ငံမှာ ကင်ဆာရောဂါကြောင့် လူပေါင်း (၁) သိန်းထဲမှာ လူအယောက် (၉၀) ခန့် သေဆုံးခဲ့ဲပြီး စိတ်ပျက်အားငယ်ခြင်းကြောင့် သေဆုံးသူဦးရေ ဒီထက်တိုးလာနိုင်မယ်လို့ ယူဆရပါတယ်။

Ref: Sky News “Suicide, drug abuse and alcoholism linked to more middle-aged deaths than heart disease”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top