ကေတီပယ်ရီကို အာရှပရဟိတသံတမန်အဖြစ် ဗြိတိန်မင်းသားချားလ်က ခန့်အပ်မယ်

yyl-022-2.jpg

အမေရိကန်ပေါ့စ်အဆိုတော်ကေတီပယ်ရီကို ကလေးသူငယ်လူကုန်ကူးမှုကို ဆန့်ကျင်တိုက်ဖျက်ဖို့အတွက် သံတမန်တစ်ယောက်အဖြစ် ဗြိတိန်မင်းသားချားလ်က ခန့်အပ်မှာဖြစ်တယ်လို့ သိရပါတယ်။ UNICEFရဲ့ သံတမန်ဖြစ်ပြီးသား ပယ်ရီဟာ ဗြိတိန်မင်းသား အိန္ဒိယကို လာလည်စဉ် Trustရဲ့ အားပေးထောက်ခံသူတွေနဲ့ ကျင်းပတဲ့အစည်းအဝေးမှာ မင်းသားကို တွေ့ဆုံခဲ့ပါတယ်။

“ကလေးသူငယ် လူကုန်ကူးမှုတိုက်ဖျက်ဖို့ ရည်ရွယ်ထားတဲ့ သူတို့တွေရဲ့ခိုင်မာတဲ့အစီအစဉ်ကို ကျွန်မစိတ်ပါဝင်စားမိပါတယ်။ ဒါကြောင့်ပဲ တောင်အာရှမှာ British Asian Trust လုပ်ဆောင်မယ့်အလုပ်တွေ အကောင်အထည်ဖော်ဖို့၊ ကလေးသူငယ်လူကုန်ကူးမှုအတွက် ဖြေရှင်းနည်းတွေရှာဖို့ရာ British Asian Trust’s Children’s Protection အဖွဲ့အစည်းအတွက် သံတမန်အဖြစ် ခန့်အပ်တာပါ” လို့ ပယ်ရီက ပြောပါတယ်။

ပယ်ရီကို သံတမန်ခန့်အပ်ခံရမှုကို Trustရဲ့တော်ဝင်ညစာစားပွဲမှာ ကြေညာသွားမှာဖြစ်ပါတယ်။ ဒီအခမ်းအနားပွဲကို ဗြိတိန်ဝန်ကြီးများနဲ့ ပရဟိအလှူရှင်တွေ တက်ရောက်မှာဖြစ်ပါတယ်။ ဒီပရဟိတအဖွဲ့အစည်းကို ဗြိတိန်မင်းသားနဲ့ ဗြိတိန်အာရှ စီးပွားရေးခေါင်းဆောင်တွေဟာ တောင်အာရှက ဆင်းရဲနွမ်းပါးမှု၊ တရားမျှတမှုမရှိခြင်းတွေကို တိုက်ဖျက်ဖို့အတွက်၂၀၀၇ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယမှာ တစ်နေ့ကို (၁၅) နာရီအလုပ်လုပ်ရတဲ့၊ အတင်းအကျပ်ခိုင်းစေခံနေရတဲ့ ကလေး (၅.၈) သန်းရှိတယ်လို့ ဒီအဖွဲ့အစည်းက ပြောပါတယ်။

Ref: Singer Katy Perry named Asian charity ambassador by UK’s Prince Charles

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top