အေးမြတဲ့ရာသီဥတုနဲ့ ကိုက်ညီတဲ့ အိမ်လုပ်မျက်နှာပေါင်းတင်နည်းများ

yyl-016-2.jpg

အခုလို ချမ်းအေးလှတဲ့ရာသီမျိုးမှာ အသားရေခြောက်သွေ့တာကို မလွဲမသွေတွေ့ကြုံရမှာပါ။ အသားရေကို သေချာဂရုမစိုက်ရင်တော့ အသားရေခြောက်သွေ့တာ၊ ကွဲအက်တာတွေဖြစ်လာပြီး အသားရေကို ထိခိုက်လာနိုင်ပါတယ်။ အသားရေခြောက်သွေ့ခြင်းကင်းဝေးဖို့အတွက် မျက်နှာပေါင်းတင်ပေးဖို့ လိုပါတယ်။ မျက်နှာပေါင်းတင်ဆေးတွေမှာ ဓာတုပစ္စည်းတွေပါဝင်မှာကြောက်ရင်တော့ သဘာဝသစ်သီးတွေနဲ့ အိမ်မှာ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ မျက်နှာပေါင်းတင်နည်းတွေရှိပါတယ်နော်။ အိမ်မှာ ကိုယ်တိုင်ပြုလုပ်ချင်တဲ့သူတွေအတွက် မျက်နှာပေါင်းတင်နည်းတွေကို တင်ပေးလိုက်ရပါတယ်။

လိမ္မော်ခွံနဲ့ မျက်နှာပေါင်းတင်နည်း

အခြောက်ခံထားတဲ့လိမ္မော်ခွံနဲ့ အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းတို့ကို ပေါင်ဒါမှုန့်ဖြစ်သွားအောင် ကြိတ်ပေးပါ။ အဲဒီနောက် ပျားရည်အနည်းငယ်နဲ့ ဒိန်ချဉ်တို့ကိုထည့်ပြီးရောစပ်လိုက်ပါ။ သမအောင်မွှေပြီးသွားရင် မျက်နှာမှာ လိမ်းလိုက်ရမှာဖြစ်ပါတယ်။ မျက်နှာပေါင်းဆေးတွေခြောက်သွားတဲ့အထိထားပြီးနောက် ရေအေးနဲ့ မျက်နှာကို သန့်စင်ပေးလိုက်ရုံပါပဲ။

ပန်းသီးနဲ့ မျက်နှာပေါင်းတင်နည်း

အခွံခွာထားတဲ့ ပန်းသီးတစ်လုံးကို ခြစ်ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ပျားရည်အစက်အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးရမှာဖြစ်ပါတယ်။ ပေါင်းတင်လို့ရတဲ့အနေအထားရရင် မျက်နှာမှာ လိမ်းလိုက်ပြီး (၁၅) မိနစ်လောက် အခြောက်ခံထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်ပေးရမှာဖြစ်ပါတယ်။

ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်နည်း

ငှက်ပျောသီးအမှည့် (၂) လုံးကို ချေမွလိုက်ပြီး ပျားရည်စက်အနည်းငယ်နဲ့ ဒိန်ချဉ်တို့ကို ရောစပ်လိုက်ပါ။ ဒီအရောအနှောကို မျက်နှာနဲ့လည်ပင်းတို့မှာ လိမ်းလိုက်ပါ။ (၁၅) မိနစ်ကြာရင် မျက်နှာကို ရေနဲ့ သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

သင်္ဘောသီးနဲ့ မျက်နှာပေါင်းတင်နည်း

သာမန်အရွယ်အစားလောက် သင်္ဘောသီးအတုံး (၁၀) ခုကို ခြေမွလိုက်ပြီး ပျားရည်စက်အနည်းငယ်နဲ့ သံပုရာရည်အနည်းငယ်တို့ကို ထည့်ကာ သမအောင်မွှေလိုက်ပါ။ ပြီးရင် ဒီအရောအနှောကို မျက်နှာမှာ လိမ်းလိုက်ပြီး မိနစ်အနည်းငယ်လောက် ထားကာ ရေအေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

ခရမ်းချဉ်သီးနဲ့ မျက်နှာပေါင်းတင်နည်း

ခရမ်းချဉ်သီးမှည့်တွေကို အစေ့ထုတ်ပြီး ချေမွလိုက်ပါ။ အဲဒီထဲကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရောစပ်လိုက်ပါ။ ဒိန်ချဉ်အနည်းငယ်ကိုလည်း ရောထည့်လို့ရပါတယ်။ အားလုံးရောစပ်ပြီးသွားရင် မျက်နှာမှာ လိမ်းလိုက်ပြီး ခြောက်သွားတဲ့အခါ မျက်နှာသစ်ပေးရမှာဖြစ်ပါတယ်။

Ref: Homemade fruit face packs that are ideal for winter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top