ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု မှတ်တမ်းသစ် စိုက်ထူနိုင်ခဲ့တဲ့ ဒီဘရိုင်း

yyl-021-10.jpg

မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု စံချိန်မှတ်တမ်းသစ် စိုက်ထူနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်မှာ (၃)ရာသီတိုင်တိုင် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု (၁၅)ကြိမ်နဲ့အထက် ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ရှက်ဖီးယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမား အဂွေရို သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးကို ဒီဘရိုင်းက ဖန်တီးပေးခဲ့တာပါ။

ဒီဘရိုင်းဟာ ၂၀၁၆-၂၀၁ရရာသီက ဂိုးဖန်တီးမှု (၁၈)ကြိမ်၊ ၂၀၁၇-၂၀၁၈ ရာသီက ဂိုးဖန်တီးမှု (၁၆)ကြိမ်လုပ်နိုင်ခဲ့သူပါ။ အသက်(၂၈)နှစ်အရွယ်ရှိတဲ့ ဒီဘရိုင်းအတွက် ဒီရာသီဟာ ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးရာသီ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီဘရိုင်းဟာ လွန်ခဲ့တဲ့ (၂)ရာသီက စုစုပေါင်း(၈)ဂိုးပဲ သွင်းနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ပွဲစဉ်(၂၃)ပွဲအပြီးမှာ (၇)ဂိုးအထိ သွင်းထားသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top