မန်​စီးတီးပရိသတ်​ ကင်​ဆာ​ရောဂါသည်​ က​လေးငယ်​​လေးအတွက်​ ​ပျော်​ရွှင်​စရာ​တွေဖန်​တီး​ပေးခဲ့တဲ့ အဂွယ်​ရို (Aguero)

40131405_315554862534594_6661468540651962368_n.jpg

ပြီးခဲ့တဲ့ ​ကြာသာပ​တေး​နေ့က မန်​စီးတီးတိုက်​စစ်​မှူး ဆာဂျီယိုအ​ဂွေရို (Sergio Aguero) ဟာ ကင်​ဆာ​ရောဂါ​ဝေဒနာခံစား​နေရတဲ့ မန်​စီးတီးအသင်​းပရိသတ်​က​လေးငယ်​တစ်​​ဦး​ကို သူ့ရဲ့နေအိမ်​ဆီအလည်အပတ်​​​ဖိတ်​​ခေါ်ခဲ့ပါတယ်​။ သူကိုယ်​တိုင်​လက်​မှတ်​ထိုးထားတဲ့ မန်​စီးတီးဂျာစီအင်္ကျီနဲ့

ဘောလုံးဖိနပ်​​တွေကို က​လေးငယ်​​လေးအတွက်​ အမှတ်​တရလက်​​ဆောင်​​ပေးပြီး ​ပျော်​ရွှင်​စရာအချိန်​​တွေဖန်​တီး​ပေးခဲ့တယ်​ လို့ ​ဒေးလီး​မေးသတင်​းစာ (Daily Mail) က ​ဖော်​ပြခဲ့ပါတယ်​။ 

မန်​စီးတီးပရိသတ်​က​လေးငယ်​​လေးဟာ အသက်​ဆယ်​နှစ်​အရွယ်​သာရှိ​သေးပြီး အင်​မတန်​ရှားပါးတဲ့ ​ရောဂါခံစား​နေရတာပါ။ လည်​ပင်​းမှာရှိတဲ့ ကင်​ဆာအကျိတ်​အတွက်​ ကုသမှုခံယူ​​နေရတာလည်​းဖြစ်​ပါတယ်​။ Neurofibromatosis ​ရောဂါလို့​ခေါ်ပါတယ်​။ ဦး​နှောက်​နဲ့အာရုံ​ကြော​​တွေမှာ အကျိတ်​​တွေ တစ်​ခုပြီးတစ်​ခု​ပေါက်​​နေတာမျိုးပါ။ ဦး​နှောက်​ထဲမှာလည်​း ခွဲစိတ်​လို့မရတဲ့ အကျိတ်​တစ်​ခု​ပေါက်​​နေပါ​သေးတယ်​။

သူ့ရဲ့ဟီးရိုးကြီး အဂွယ်​ရိုရဲ့ကြင်​နာ​ဖေးမမှု​ကြောင်​့ ပြင်​းထန်​စွာခံစား​နေရတဲ့ ​ဝေဒနာဆိုးကို ခဏတာ​​ လျစ်​လျူရှု​ မေ့​လျော့နိုင်​ခဲ့ပြီး အ​ပျော်​ကြီး ​ပျော်​ရွှင်​​နေခဲ့တဲ့ က​လေးငယ်​​လေး ဖွိုင်​း (Foy) ကို မြင်​​တွေ့ကြမှာပါ။

အဂွယ်​ရိုဟာ က​လေးငယ်​​လေးကို အိမ်​ကို​ဖိတ်​ေ​ခါ်ပြီး သူ့ကစားသမားဘဝဆုတံဆိပ်​​​တွေ ပြသခဲ့သလို လက်​​ဆောင်​​တွေ​ပေးခဲ့တဲ့အပြင်​ကို ​က​လေးရဲ့မိသားစုနဲ့လည်​း အတူတကွ ဓာတ်​ပုံ​တွေရိုက်​​ပေးခဲ့တာပါ။ ဒါ​ကြောင်​့ ​ဝေဒနာသည်​ က​လေးငယ်​​လေးအတွက်​ တစ်​သက်​မ​မေ့နိုင်​စရာ အမှတ်​တရဖြစ်​​စေခဲ့တာ ဖြစ်​ပါတယ်​။

Ref: dailymail “Sergio Aguero invites 10-year-old cancer-stricken Manchester City fan and his family into his house and gifts him a pair of signed football boots”

AI(ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top