ချစ်သူရည်းစားတွေ ပြတ်ကြ စဲကြတဲ့အခါတိုင်းမှာ တစ်ဘက်မဟုတ်တစ်ဘက် (သို့) နှစ်ဘက်လုံးက စိတ်ခံစားမှုအမြင့်ဆုံးအဆင့်ကို ရောက်နေတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မဖြစ်သင့်တဲ့အမှားတွေ၊ မလုပ်သင့်တဲ့အရာတွေကိုလည်း လုပ်မိသွားတတ်ကြပါတယ်။ တစ်ခါတလေမှာ အခုအဖြစ်ကတရုတ်အမျိုးသား ခံစားလိုက်ရသလို ဆိုးရွားတဲ့ထိခိုက်နာကျင်စေမှုတွေအထိ ဖြစ်ပွားတတ်ကြပါတယ်။
(၂၃) နှစ်အရွယ် တရုတ်အမျိုးသား Liu ဟာ သူ့ရဲ့ရည်းစားကောင်မလေး Zhou နဲ့ လမ်းခွဲပြတ်စဲဖို့ ဆွေးနွေးခဲ့တာဖြစ်ပြီး အံ့သြမင်သက်သွားခဲ့ရတဲ့ ကောင်မလေးက လမ်းခွဲဖို့သဘောတူပေးလိုက်ပြီး နှုတ်ဆက်အနမ်းနမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

Liu ကသေလောက်အောင်နာကျင်နေပေမဲ့ Zhou က ကိုက်တာကို လုံးဝမလျှော့
လူတွေအမြင်မှာတော့ အနမ်းဖလှယ်နေတယ်လို့ထင်ရတဲ့ သူတို့နှစ်ဦးရဲ့အဖြစ်က တကယ်တော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ Liu ထွက်သွားလို့မရအောင် Liu ရဲ့လျှာကို Zhou က နမ်းဟန်ပြပြီးကိုက်ထားခဲ့တာပါ။ ဖော်ပြထားတဲ့ ဗီဒီယိုကိုကြည့်မယ်ဆိုရင် Liu ကသေလောက်အောင်နာကျင်နေပေမဲ့ Zhou က ကိုက်တာကို လုံးဝမလျှော့တာ တွေ့ရမှာပါ။

Zhou ရဲ့မျက်လုံးထဲကို ငရုတ်ကောင်းမှုန့်ဆေးဖြန်းထည့်ပြီး တားခဲ့ရတဲ့အထိ အခြေအနေဆိုးရွားခဲ့
ဘယ်လိုမှတားမရတဲ့အဆုံး အာဏာပိုင်တွေကZhou ရဲ့မျက်လုံးထဲကို ငရုတ်ကောင်းမှုန့်ဆေးဖြန်းထည့်ပြီး တားခဲ့ရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒီနည်းကအလုပ်ဖြစ်ခဲ့ပြီး Liu ကို ဆေးရုံပို့ပေးနိုင်ခဲ့ကာ လျှာမှာ ဒဏ်ရာကြီးကြီးမားမားတော့မရခဲ့ဘူးလို့ ဆိုပါတယ်။
Zhou ရဲ့မိဘတွေကတော့ Zhou ဟာ Hefei ဆေးရုံမှာ ငါးနှစ်ကြာအောင် စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုခံယူခဲ့ရသူဖြစ်ပြီး အခုမှ အလုံးစုံပြန်ကောင်းသွားသူဖြစ်တယ်လို့ အာဏာပိုင်တွေကို ထွက်ဆိုထားပါတယ်။
ဒါကြောင့် သင်ခန်းစာအနေနဲ့ လမ်းခွဲကြတဲ့အခါ နှုတ်ဆက်အနမ်းကိုလွယ်လွယ်မပေးကြပါနဲ့လို့ သတိပေးချင်ပါတယ်။ ဗီဒီယိုကိုတော့ ဖော်ပြပါလင်ခ့်ကနေတစ်ဆင့် ဝင်ကြည့်ရှုနိုင်ပါတယ်။
Ref: Elitereaders “Woman Asks For Goodbye Kiss After Boyfriend Breaks Up With Her, Ends Up Biting His Tongue”
Po Mo Htoo Aung (ရိုးရာလေး)