မကာအိုနဂါးလှေဖိတ်ခေါ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ မြန်မာလှေလှော်အသင်း

62046831_460237011397048_498136298469457920_n.jpg

မကာအိုအပြည်ပြည်ဆိုင်ရာ နဂါးလှေဖိတ်ခေါ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ငွေတံဆိပ်ရယူနိုင်ခဲ့တဲ့ အောင်ပွဲရမြန်မာလှေလှော်အဖွဲ့ဟာ မနေ့ည (၉) နာရီလောက်က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့ကြ

လှေလှော်အဖွဲ့ချုပ်ကတာဝန်ရှိသူတွေ၊ မြန်မာ့လက်ရွေးစင် လှေလှော်ကစားသမားတွေ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) က သင်တန်းသား သင်တန်းသူတွေနဲ့ အောင်ပွဲရကစားသမားတွေရဲ့ မိဘဆွေမျိုးတွေက သောင်းသောင်းဖျဖျ ကြိုဆို

အောင်ပွဲရလှေအဖွဲ့ကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းဦး၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (ရန်ကုန်) ကျောင်းအုပ်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးအောင်နဲ့ လှေလှော်အဖွဲ့ချုပ်ကတာဝန်ရှိသူတွေ၊ မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားတွေ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကသင်တန်းသား သင်တန်းသူတွေနဲ့ အောင်ပွဲရ ကစားသမားတွေရဲ့ မိဘဆွေမျိုးတွေက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

အုပ်ချုပ်နည်းပြ တာဝန်ရှိသူ (၄) ဦးနဲ့ အမျိုးသမီးကစားသမား (၂၄) ဦး၊ စုစုပေါင်း (၂၈) ဦး ပါဝင်ခဲ့ပြီး ဇွန် (၅) ရက်က မကာအိုကို သွားရောက် ယှဉ်ပြိုင်ခဲ့

လှေလှော်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင် ဦးမျိုးဆွေသိမ်း (အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ) ဦးဆောင်တဲ့ အုပ်ချုပ်နည်းပြတာဝန်ရှိသူ (၄) ဦးနဲ့ အမျိုးသမီးကစားသမား (၂၄) ဦး၊ စုစုပေါင်း (၂၈) ဦး ပါဝင်ခဲ့ပြီး ဇွန် (၅) ရက်က မကာအိုကို သွားရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းက (၂) မိနစ် (၀၃) ဒသမ (၅၆၁) စက္ကန့်နဲ့ ပန်းဝင်ပြီး ငွေတံဆိပ်ဆုရရှိခဲ့

အမျိုးသမီးတက် (၂၀) လှော် မီတာ (၅၀၀) ပြိုင်ပွဲမှာ အိမ်ရှင်တရုတ်နိုင်ငံအမျိုးသမီးအသင်းက (၂) မိနစ် (၀၃) ဒသမ (၄၃၉) စက္ကန့်နဲ့ပန်းဝင်ကာ ရွှေတံဆိပ်ရရှိပြီး မြန်မာအမျိုးသမီးအသင်းက (၂) မိနစ် (၀၃) ဒသမ (၅၆၁) စက္ကန့်နဲ့ ပန်းဝင်ပြီး ငွေတံဆိပ်ဆုရရှိခဲ့တာပါ။ ပထမရတဲ့ တရုတ်အသင်းနဲ့ (၂) မိနစ် (၀၃) စက္ကန့်ချင်း တူပေမဲ့လည်း ပွိုင့်စက္ကန့် (၁၂၂) စက္ကန့်ကွာတာကြောင့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ကြေးတံဆိပ်ဆုကိုတော့ (၂) မိနစ် (၀၅) ဒသမ (၂၇၁) စက္ကန့်နဲ့ ပန်းဝင်ခဲ့တဲ့ ထိုင်းအမျိုးသမီးအသင်းက ရရှိသွားခဲ့ပါတယ်။

Ref: Myanmar Rowing & Canoeing Federation
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top