တောအုပ်ထဲ လေယာဉ်ပျက်ကျပေမဲ့ ၂ နှစ်ကလေးငယ်အပါအဝင် မိသားစု ၃ ဦးလုံး ဒဏ်ရာကြီးကြီးမားမားမရဘဲ အသက်ဘေးမှ လွတ်မြောက်

19.3.24-yyl-၃-1.jpg

လေယာဉ်ငယ်တစ်စင်း တောအုပ်ထဲကို ပျက်ကျခဲ့ပေမဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် လေယာဉ်ပေါ်လိုက်ပါလာသူ ၃ ဦးလုံး ဒဏ်ရာကြီးကြီးမားမား မရဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဝှိုက်သွန်းတောအုပ်ထဲကို လေယာဉ်ငယ်ပျက်ကျခဲ့တာပါ။

အဲဒီလေယာဉ်ငယ်ဟာ ပျံတက်ပြီး ၅ မိနစ်အကြာမှာ အင်ဂျင်ချွတ်ယွင်းပြီး ရုတ်တရက် အမြင့်ပေ သိသိသာသာ ကျဆင်းလာခဲ့တာပါ။ ပိုင်းလော့က ထိန်းဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ Cirrus Airframe Parachute System (CAPS) ကယ်ဆယ်ရေးလေထီး ဖွင့်ခဲ့ပြီး ထိုးဆင်းနေတဲ့အရှိန်ကို လျှော့ချခဲ့တာပါ။

အန္တရာယ်ကြုံနေရပြီဆိုတဲ့ အချက်ပြမှုကြောင့် ကယ်လီဖိုးနီးယားအမြန်လမ်းကင်းလှည့်အဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့အများအပြားက လေယာဉ်ပျက်ကျရာနေရာကို အချိန်တိုအတွင်း ရောက်သွားခဲ့ကြပါတယ်။ သစ်ပင်တွေကြားမှာ လေယာဉ်အပျက်အစီး အပိုင်းအစတွေကို တွေ့ခဲ့ရပြီး လေယာဉ်ပေါ် လိုက်ပါလာသူ မိသားစု ၃ ယောက်လုံးကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရခဲ့တာကို အံ့အားသင့်စရာ တွေ့ခဲ့ရပါတယ်။

Ref:Miraculous Survival: Family, Including 2-Year-Old, Escapes Unharmed After Plane Crash

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top