Vietjet လေကြောင်းလိုင်းက အိန္ဒိယနိုင်ငံကို တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းခရီးစဉ် (၅)ခု ပြေးဆွဲ

Photo1.jpg

Vietjet လေကြောင်းလိုင်းဟာ ဗီယက်နမ်နိုင်ငံရဲ့အချက်အချာဖြစ်တဲ့ ဒါနန်း၊ ဟနွိုင်း၊ ဟိုချီမင်းမြို့(၃)မြို့နဲ့ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့၊ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့တွေကို တိုက်ရိုက်ချိတ်ဆက်ပျံသန်းတဲ့ ခရီးစဉ်(၅)ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါနန်း – နယူးဒေလီနဲ့ ဟနွိုင်း – မွန်ဘိုင်း ခရီးစဉ်တွေကို ၂၀၂၀ ခုနှစ် မေလ ၁၄ ရက်မှာ စတင်ပြီး တစ်ပတ် ၅ ကြိမ်၊ တစ်ပတ် ၃ ကြိမ်နှုန်း စတင်ပျံသန်းသွားမှာ ဖြစ်ပါတယ်။ ဟိုချီမင်း – မွမ်ဘိုင်း ခရီးစဉ်ကို ၂၀၂ဝခုနှစ် မေလ ၁၅ ရက်မှာ စတင်ပြီး တစ်ပတ် လေးကြိမ်ပျံသန်းသွားမှာပါ။ လက်ရှိအချိန်မှာတော့ Vietjet လေကြောင်းလိုင်းဟာ ဟိုချီမင်း – နယူးဒေလီ ခရီးစဉ်ကို တစ်ပတ်(၄)ကြိမ်၊ ဟနွိုင်း-နယူးဒေလီ ခရီးစဉ်ကို တစ်ပတ်(၃)ကြိမ် ပျံသန်းနေပါတယ်။

လက်ရှိအချိန်မှာ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးနဲ့ လူဦးရေအထူထပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပြီး လာမယ့်ဆယ်စုနှစ်တွေမှာ တရုတ်နိုင်ငံထက် လူဦးရေ ပိုများသွားမယ်လို့ ခန့်မှန်းထားပါတယ်။ Vietjet လေကြောင်းလိုင်းကလည်း အိနွိယနိုင်ငံရဲ့ ဒေသအများအပြားကို လေကြောင်းခရီးစဉ်တွေ ပိုပြီးပြေးဆွဲနိုင်ဖို့ စီစဉ်နေပါတယ်။ Vietjet လေကြောင်းလိုင်းဟာ ရန်ကုန်ကနေ ဟနွိုင်းကိုလည်း နေ့စဉ်လေကြောင်းခရီးစဉ်တွေ ပြေးဆွဲပေးလျက်ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top