ချစ်သူများနေ့မှာ လက်တွဲဖော်ကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ လက်ဆောင်တွေပေးကြမယ်

yyl-004-8.jpg

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာကျရောက်တဲ့ ချစ်သူများနေ့မှာ လက်တွဲဖော်ကို ဘာလက်ဆောင်ပေးရင် အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားနေကြတယ်မလား။ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ မိမိရဲ့ချစ်သူလည်း ကျန်းမာရေးနဲ့ ညီညွှတ်အောင်လက်ဆောင်လေး ပြောင်းပြောရင်မကောင်းဘူးလား။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့လက်ဆောင်တွေကို အချင်းချင်းပေးတာ တကယ်ကို ကောင်းပါတယ်။ ကိုယ်ကိုယ့်ကို ကျန်းမာအောင် ဂရုစိုက်ဖို့မေ့နေရင်လဲ အသုံးဝင်တာပေါ့။ ကဲ… ဘယ်လိုမျိုးလက်ဆောင်တွေလည်းဆိုရင်

အိမ်မှာ သေသေချာချာချက်ထားတဲ့ အစားအစာ

နေ့လည်စာအတွက် အိမ်မှာကိုယ်တိုင် အချစ်တွေနဲ့ အာဟာရဓာတ်ပြည့်ဝစွာ ချက်ပြုတ်ထားတဲ့ အစားအစာထက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့လက်ဆောင် မရှိတော့ပါဘူး။ ချက်ပြုတ်ရမှာ အလုပ်များနေတယ်ဆိုရင်တော့ လက်ဆတ်တဲ့ အစားအစာတွေ ချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်မှာ သင့်ချစ်သူ (သို့) ချစ်ရသူတွေနဲ့ ညစာ စားလိုက်ပါ။ သင်ကိုယ်တိုင် ချက်ပြုတ် ကျွေးမွေးရင်တော့ ပိုကောင်းပါတယ်။ ရိုဆန်ဆန်လေး ဖြစ်သွားတာပေါ့။ ဒါကို သေချာပေါက် ကြိုက်နှစ်သက်ရုံသာမက တစ်စုံတစ်ယောက်ကို ကျန်းမာရေးနဲညီညွှတ်စွာပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်လည်းဖြစ်မှာပါ။

ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း အတူတူလုပ်တာ

ချစ်သူများနေ့မှာ သင့်ရဲ့လက်တွဲဖော်နဲ့အတူ အချိန်ကို အကျိုးရှိရှိမဖြတ်သန်းချင်ကြဘူးလား။ ကျန်းမာရေးလည်းကောင်းအောင် အကျိုးလည်းရှိအောင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို အတူတူလုပ်ကြည့်ကြပါ။ ဒါက ချစ်သူများနေ့မှာ အမှတ်တရဖြစ်မှာ သေချာပါတယ်။ အတူတူ gym မှာကစားလို့ရတဲ့အပြင် စက်ဘီးအတူတူစားတာ၊ အတူတူပြေးတာတွေလည်း လုပ်လို့ရပါတယ်။ သင့်ချစ်သူက အားကစားလုပ်ရတာကြိုက်တယ်ဆိုရင် workout နဲ့ ဆက်စပ်တဲ့အရာတွေကို လက်ဆောင်ပေးဖို့ စီစဉ်ကြည့်သင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မုန့်တွေ

အစားအစာ၊ မုန့်တွေကလည်း လက်ဆောင်ပေးဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ ချစ်သူကိုကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို စားစေချင်ရင် Diet အစားအစာတွေ၊ သကြားဓာတ်နည်းတဲ့ သွားရည်စာမုန့်တွေက အစားအစာရတာကြိုက်တဲ့ ချစ်သူကို ပြုံးသွားစေနိုင်မယ့် အကောင်းဆုံးနည်းပါပဲ။ အနက်ရောင် ချောကလက်က ဦးနှောက်အတွက်ကောင်းတဲ့အပြင် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကိုလည်း ဖြတ်တောက်ပေးနိုင်တာကြောင့် အကောင်းဆုံးလက်ဆောင်ပါပဲ။

မရှိမဖြစ်ဆီနဲ့ ရေမွှေး

သင့်ချစ်သူက အမွှေးရနံ့တွေကို ကြိုက်နှစ်သက်တဲ့ သူဆိုရင် ရနံ့သင်းတဲ့ရေမွှေး၊ မရှိမဖြစ်ဆီတို့ကို ပေးကြည့်လို့ရပါတယ်။ မရှိမဖြစ်ဆီဆိုရင် ကျန်းမာရေးညီညွှတ်စွာ နာကျင်မှုတွေကို ပြေလျော့စေတဲ့ ဓာတ်ရှိတဲ့အတွက် စိတ်ဖိစီးမှုတွေ၊ နာကျင်မှုတွေနဲ့ အခြားကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

ခေါင်းအုံး

ကောင်းကောင်းအိပ်စက်ဖို့ဆိုတာက လူတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်။ ညဘက်တွေမှာ သင့်ချစ်သူကို ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် ချစ်သူများနေ့လက်ဆောင်အနေနဲ့ ခေါင်းအုံးကောင်းကောင်းလေး လက်ဆောင်ပေးလို့ရပါတယ်။ ခေါင်းအုံးပေးရင် အမှတ်တရလည်းဖြစ်ပါတယ်။ သင့်ချစ်သူအိပ်စက်တဲ့အခါတိုင်း သင့်ကို အမှတ်ရနေမှာဖြစ်ပါတယ်။ လည်ပင်းနာတာ၊ ဖိအားတွေကို လျော့ချပေးတဲ့ ကောင်းကောင်းအိပ်ပျော်စေတဲ့ ခေါင်းအုံးကို ရွေးချယ်ဝယ်ယူဖို့တော့လိုပါတယ်။

ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေပဲ ပျော်လို့ရတာမဟုတ်ပါဘူး။ မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့လည်း ပျော်လို့ရပါတယ်။ ဒီနေ့ ချစ်သူများနေ့မှာ ချစ်ရသူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Ref: Healthiest gifts to give your partner this Valentine’s Day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top