ရွှေတံဆိပ်ရဖို့ လက်တစ်ကမ်းအကွာဖြစ်လာတဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ

66140751_2426313250745246_6031817315627040768_n.jpg

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ၂၀၁၉ ခုနှစ် အိုင်ဗရီကို့စ်နိုင်ငံတကာကြက်တောင်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ အီရန်ကြက်တောင်မယ် ဆိုရာယာကို (၂၁-၁၉)၊ (၂၁-၁၉)နဲ့ ၂ ပွဲပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပါပြီ။

သက်ထားသူဇာဟာ ဒုတိယအဆင့်မှာ နိုင်ခြေအဆင့် (၂) သတ်မှတ်ခံထားရတဲ့ မော်ရစ်သျှကြက်တောင်မယ် ကိတ်ဖူးကူနီ၊ ကွာတားဖိုင်နယ်မှာ ပါကစ္စတန်ကြက်တောင်မယ် ရှာဇတ်တို့ကို ဖြုတ်ချခဲ့သူပါ။ ဗိုလ်လုပွဲမှာတော့ နိုင်ခြေအဆင့် (၁) သတ်မှတ်ခံထားရတဲ့ အိန္ဒိယကြက်တောင်မယ် ကုဒရာဝါလီနဲ့ ယှဉ်ပြိုင်ရမှာပါ။

Ref: Thet Htar ThuZar’ FB
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top