ဖားတစ်ကောင်ကို ရေအေးအိုးထဲ ထည့်ထားတယ်ဆိုပါစို့။ အပူကို ဖြည်းဖြည်းချင်းစီတင်ပါမယ်။ အစပိုင်းမှာ ရေအေးဖြစ်တာကြောင့် ဖားဟာ အေးအေးလူလူ နေနေပါမယ်။ အပူကို တစ်ဆင့်တစ်ဆင့် တင်နေချိန် အနွေးဓာတ်ရတာကြောင့် ဖားဟာ ယင်း အနွေးကို နှစ်သက်ပြီးတော့ ဆက်ရှိနေပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ အပူဟာ များပြားလာတဲ့အခါမှာတော့ ဖားဟာ မခုံနိုင်တော့ပါဘူး။ သူခုံဖို့ ကြိုးစားချိန်မှာတော့ ရေဟာ အင်မတန် ပူလွန်နေပြီဖြစ်ပြီး နောက်ဆုံးတော့ အသက်သေရပါတယ်။
သင်ခန်းစာ
လက်တွေ့ လူ့ဘဝမှာလည်း ဒီလိုပါပဲ။ လူတွေဟာ အလုပ်တစ်ခုကိုပဲ ဖြစ်ဖြစ် ပညာတစ်ခုကိုပဲ ဖြစ်ဖြစ် ရွေးချယ် တဲ့အခါ အမှားလုပ်တတ်ကြပါတယ်။ အချို့ကျတော့လည်း ဘာမှမလုပ်ပဲနေပါတယ်။ အချို့ကျတော့လည်း ကိုယ်မပျော်တဲ့ ဘဝနေထိုင်မှုပုံစံ၊ အလုပ်ပုံစံတွေမှာ နေထိုင်ပါတယ်။ ဒီလောက်ကတော့ ရပါတယ်လေ ဆိုတဲ့ ပျင်းရိစိတ်နဲ့ သို့တည်းမဟုတ် ပြောင်းလဲရန် ကြောက်ရွံ့စိတ်နဲ့ ဆက်ပြီးတော့ နေကြပါတယ်။ ယင်းနေရာကို Comfort zone လို့ ခေါ်ပါတယ်။ တကယ်လက်တွေ့ မိမိဟာ မနေချင်တော့ဘူးလေ။ ပြောင်းလဲပစ်ချင်ပြီလို့ ဆုံးဖြတ်တဲ့အခါကျတော့ မပြောင်းလဲနိုင်၊ မပြုလုပ်နိုင်တော့ပါဘူး။ မိမိရဲ့ ဆန္ဒတွေ ဘဝတွေကို အဆုံးရှုံးခံလိုက်ရပါတယ်။ Comfort zone မှ နေထိုင်နေရသူများအနေနဲ့ မိမိဟာ ပြောင်းလဲချိန် တန်ပြီဆိုတာကို သိအောင် ကြိုးစားပြီး အလျင်အမြန်လည်း ပြောင်းလဲရန် လိုအပ်ပါတယ်။
Team (ရိုးရာလေး)