ကလေးတွေကို ဆုံးမခြင်းအပေါ် မှားယွင်းတဲ့အချက်တွေ

mom-is-pointing-and-blaming-her-son-P6MENZH.jpg

မိဘတွေနဲ့ သားသမီး၊ ဆရာနှင့် တပည့်၊ လူကြီးနဲ့ ကလေး စသဖြင့် ရှိကြတယ်။ မိဘတွေကသားသမီးတွေကို ဆုံးမကြတယ်၊ ဆရာတွေကလည်း တပည့်တွေကို ဆုံးမကြတယ်။ အဲဒီလို ဆုံးမမူ အပေါ်မှာ မှားယွင်းတဲ့ အချက်တွေရှိလို့နေပါတယ်။

စိတ်ဆိုး ဒေါသထွက်စွာနဲ့ ဆုံးမခြင်း/ မှားယွင်းတယ်

ကလေးတစ်ယောက်ကို ဖြစ်ဖြစ် တပည့်တစ်ယောက်ကို ဖြစ်ဖြစ် စိတ်ဆိုးပြီး ဒေါသထွက်စွာဖြင့် ဆုံးမတာဟာ မှားယွင်းတယ်လို့ ဆိုနိုင်ပါတယ်။ စိတ်ဆိုး ဒေါသထွက်နေတဲ့ အတွက်ကြောင့် မိမိဘာကို ဆိုလိုချင်တယ်၊ ဘာကို ပြောချင်တယ်ဆိုတာကို အဆုံးမခံရသူ နားမလည် ဖြစ်သွားတတ်ပါတယ်။

ရိုက်နက်ဆုံးမမှ လိမ္မာမယ်/ မှားယွင်းတယ်

အမှန်တော့ ရိုက်တယ်ဆိုတာ ကောင်းတယ်လို့ မမြင်ပါဘူး။ တစ်ချို့ကလေးက ရိုက်မှ မှတ်မိမှာဆိုတော့ ဆင်ခြေတွေ ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမယ့်လည်း ရိုက်ခြင်းထက် လိမ္မာချစ်ဖွယ်သော စကားလေးတွေကို သုံးပြီး ဆုံးမတာက ပိုပြီး အကျိုးရှိစေပါလိမ့်မယ်။

အရက်သောက်ပြီးမှ ဆုံးမတယ်/ မှားယွင်းတယ်

အရက်သောက်ပြီး ဆုံးမလို့ လိမ္မာသွားတဲ့ ကလေးတွေလည်း ရှိမှာပါဆိုလို့ အကြောင်းပြချက် ရှိချင် ရှိလိမ့်မယ်။ ဒါကတော့ လူနည်းစု ဖြစ်မှာပါ မကောင်းတာ လုပ်ပြီးမှ ကောင်းတာလုပ်ဖို့ မတိုက်တွန်းသင့်ပါ။ ငါလုပ်သလို မလုပ်ဘဲ ငါပြောသလို လုပ်ဖို့ ဆိုတဲ့ စကားနဲ့ ဆုံးမတာကိုတော့ မှားတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဆုံးမသူတွေ ကိုယ်တိုင်ကလည်း လိမ္မာယဉ်ကျေးဖို့ လိုပါလိမ့်မယ်။

မိမိပြောချင်ရာ ပြောပြီး ဆုံးမတယ် / မှားယွင်းတယ်

ငါကတော့ သူရဲ့ မိဘပဲ ငါကတော့ သူ့ရဲ့ ဆရာပဲ ဆိုပြီး မိမိပြောချင်တာတွေ ချဉ်းပဲ ပြောပြီး ဆုံးမတာဟာ မှားယွင်းနေပါတယ်။ သူတို့ကလေးတွေ ဘာပြောချင်လဲ၊ ဘာကို ဆိုလိုချင်လဲ ဆိုတာကို သိအောင် နားလည်အောင်လုပ်ပြီး ဆွေးနွေးတိုင်ပင်ဖို့လည်း လိုပါလိမ့်မယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top