ပျောက်ကွယ်လုနီးပါးအဖြစ်ကနေ ပြန်အသက်ဝင်လာခဲ့တဲ့ အိုအေစစ်တစ်ခု

dessert_01.jpg

အိုအေစစ်

တရုပ်နိုင်ငံအနောက်မြောက်ပိုင်းမြို့တော် Dunhuang ရဲ့Gobi သဲကန္တာရထဲက အပြီးပျောက်ကွယ်မယ့်အန္တရာယ်ရှိနေခဲ့တဲ့ Yueya Spring (လခြမ်းပုံရေကန်) ကို သင့်တင့်တဲ့ရေပမာဏထိန်းသိမ်းထားနိုင်အောင်လုပ်ဆောင်ပြီး ကယ်တင်နိုင်ခဲ့ပြီလို့ သိရပါတယ်။

အိုအေစစ်

အိုအေစစ်

ကြည်လင်သန့်ရှင်းတဲ့ရေတွေရှိနေတဲ့ လခြမ်းပုံသဏ္ဍာန်ရေကန်ဟာ ဂိုဘီသဲကန္တာရရဲ့အံ့သြဖွယ်ရာ သဘာဝအိုအေစစ်တစ်ခု ဖြစ်ခဲ့ပြီး ဘီစီ (၂၀၂) ကနေ အေဒီ (၂၂၀) ထိ”ဟန်” မင်းဆက်တွေစိုးမိုးခဲ့ချိန်ကတည်းက Dunhuang မှာရှိတဲ့ ရပ်သပ်ရှုမောဖွယ်ရှုခင်း (၈) ခုထဲကတစ်ခုလို့တောင် သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ၂၀ ရာစုကာလတွေအတွင်းမှာတော့ အလွန်အကျွံစိုက်ပျိုးမွေးမြုရေးလုပ်ကိုင်ခဲ့မှုရဲ့အညစ်အကြေး၊ အပျက်အစီးတွေက မြေဆီလွှာကိုပျက်စီးလာစေခဲ့ပြီး Yueya Spring ကို လုံးဝခြောက်သွေ့လုနီးပါးဖြစ်သွားစေခဲ့ပါတယ်။

အိုအေစစ်

အိုအေစစ်

ဒါကြောင့် Yueya Spring အိုအေစစ်ကို ပြန်စိမ်းလန်းလာစေဖို့အတွက် ရေတွင်းတူးခြင်း၊ ရေဖောက်ထုတ်ခြင်းတွေကို တားမြစ်တာနဲ့ ရေကန်ထဲကိုရောက်လာမယ့်မြေအောက်ရေလမ်းကြောင်းတွေအားကောင်းဖို့ တူးမြောင်းဖော်ပြီး မြစ်ရေသွယ်ယူတာတွေကို ၂၀၁၆ ခုနှစ်မှာ တရုတ်အစိုးရကိုယ်တိုင် စီမံကိန်းတွေချမှတ်ပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။

အိုအေစစ်

အိုအေစစ်

ဒီလိုကြိုးပမ်းခဲ့တာကြောင့် လက်ရှိမှာ Yueya Spring ဟာ (၁.၃၅) မီတာကနေ (၁.၅ မီတာ) အကျယ်အဝန်းထိပြန်ရှိလာခဲ့ပါပြီ။ ပိုကောင်းမွန်လာနေတဲ့ပတ်ဝန်းကျင်အနေအထားဟာ Yueya Spring ရဲ့ဖြစ်တည်မှုကိုတည်မြဲစေရုံသာမကဘဲ ပိုပွားများစပြုလာတဲ့ European carp ရေချိုငါးလို မျိုးသုဉ်းလုနီးမျိုးစိတ်တွေကို ပြန်ကယ်တင်ပေးနိုင်ခဲ့တဲ့အလျောက် ဂေဟစနစ်ကိုလည်း အသစ်ပြန်တည်ဆောက်နိုင်လာစေမှာဖြစ်ပါတယ်။

အိုအေစစ်

အိုအေစစ်

အိုအေစစ်

အိုအေစစ်

Ref: CGTN “This disappeared oasis is returning to NW China’s desert”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top